မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Sunday 30 June 2013

ကျမ မျှော်လင့်သော သာယာတဲ့  မိသားစု


ဒီနေ့   မှစ  ၍
နောက်နေ့  ရက်  များတိုင်း
ကျမ     ချစ်သူ  အပေါ်
စိတ်  မကောက်တော့ဘူး  ချစ်သူ

ပူပန် စိတ်များနဲ့ 
ကျမ  အနား မှာပဲ
ရှိနေချင်ခဲ့မိတာ
မိန်းမသား တစ်ယောက်ရဲ့
ဆိုးရိမ်   စိတ် နဲ့    ချစ်မိတဲ့ 
ယောကျာင်္း  တစ်ယောက်  အပေါ်
တွယ်တာ နေတဲ့  စိတ်ပါ  


တစ်ခါခါ  ကျမ  ဆိုးခဲ့တယ်
စိတ်  မကျေနပ်ခဲ့ရင်
ဆူပူခဲ့တယ်
ဒါတွေ  အားလုံးက
ကျမ  အရမ်းချစ်တဲ့   ချစ်သူမို့
ကျမ   ဗိုလ်ကျမိခဲ့တာပါ

တစ်နေ့ နေ့  ပေါ့
ချစ်သူ ဆီက 
ကျမ  အရမ်း မျှော်လင့်  ခဲ့တဲ့ 
နှစ်ကိုယ်တူ  တည်ဆောက်မယ့်
အနာဂတ်............

ချစ်သူ ပိုင်ဆိုင်တဲ့ 
 ပကာသန   ကို  ကျမ  မမက်မောဘူး
ဓန တွေ  ၀ိုင်းနေတဲ့   ဥစ္စာပစ္စည်း
အဆောင်ယောင် တွေ ဟာ
ကျမ အတွက် မလိုအပ်ခဲ့ဘူး  ချစ်သူ

ကျမ အလိုအပ်ဆုံးက
နားလည်မှုတွေ နဲ့ 
သူ့ ဖက် ကိုယ့်ဖက်
နွေးထွေးတဲ့   မေတ္တာ တွေ 
ပြည့်နှက်နေတဲ့   စေတနာ တွေပါ

ချစ်သူ  နဲ့   ကျမ
ပိုင်ဆို မယ့်  ဘ၀ထဲမှာ
ကျမ  နဲ့   ချစ်သူ အပြင်
ဘုစုခရု  လေးတွေ နဲ့ 
ပိစိကွေးလေး တွေ  ဆူညံနေတဲ့ 
အိမ်လေး ထဲ  ချစ်သူ မျှော်လင့်သလို
ပါရမီ  အချို့    ဖြည့်ပေးရင်း................
မျှော်လင့်ခြင်း   တွေ နဲ့ 
ရှင်သန် နေတဲ့   ကျမ  အိမ်မက်လေး
ပီပြင်အောင်  ထုဆစ်ပေးလှည့်ပါ ချစ်သူ




ညအက္ခရာ




လမ်းမခွဲ ကျေး ကွယ်


အတ္တ့    ကြီးခဲ့တာ မဟုတ်ခဲ့ဘူး
ချစ်သူ နဲ့   မှ  ကျမ   ချစ်မိ ခဲ့တော့
ချစ်သူ ဆီက အကြင်နာ မှန်သမျှ ကို
လောဘ  ကြီးခဲ့တာ

ချစ်သူ  မြတ်နိုးခဲ့သော
ဘုရင်မ  တစ်ယောက်ထက်
ချစ်သူရဲ့   အိမ်ရှင်မ လည်း
ဖြစ်ချင်ခဲ့တာ
ချစ်သူ အသိပါ

ကျမ  တွယ်တာ မိတာ  ချစ်သူ
ကျမ  ဘ၀ ကို အပ်နှံဖို့ 
စိတ်ကူးခဲ့တာ ချစ်သူ ထံ...........
ယဉ်ယဉ်လေး နဲ့   ရူးခဲ့တာမဟုတ်ဘူး
ရူးရူးမိုက်မိုက်   ကို  ကျမ စိတ်တွေ
ကပ်ငြိနေခဲ့တာ  ချစ်သူ ဆီမှာ......။

စိတ်ဆိုး တဲ့   ခဏ မှာ
ရန်ဖြစ်ချင်ပေမယ့်
ကျမ  ချစ်သူ နဲ့   ဝေးရမှာကိုပိုကြောက်မိတယ်
ဘယ်လို နည်းနဲ့  မှ
ချစ်သူ  နဲ့   ကျမ အကြား
လွှင့် ထူခဲ့သော နှလုံးသား    အလံ  လေး
အစုတ်ပြဲ  မခံရဲဘူး  ချစ်သူ

ကျမ  ချစ်မိသာ   ကျမ ၏   ချစ်သူထံသို့ 

ညအက္ခရာ

Thursday 27 June 2013

အတတ်နိုင် ဆုံးပါ


သိုသိပ်  မထား တတ်လို့ 
ဒီရင်ဘတ် ထဲက
ခံစားချက်တွေ
ထုတ်ထုတ်ပြမိတာ
ငါ့   အမှား  လား...........................။


ဒီ  အခန်း  ကျဉ်းထဲ
ဒီ  အလွမ်း တွေ ထပ်နေလို့ 
ဒီ ည  လောက်  ငါ မုန်းတာ
ဒီ ည ပဲ  ပေါ့
အလွမ်း  တွေ  မှတ်ပုံ  မတင်ရလို့ 
နင် သံယောဇဉ် ဖြတ်ခဲ့တာလား.........။

ဆိုစမ်း ပါအုံး ဟ
ဘာ  တဲ့ 
နင့်   လောက် ချစ်တတ်တဲ့သူ
ဒီ  ကမ္ဘာ  မှာ  မရှိလောက်ဘူး  ဟုတ်လား
အဟက့်.............လို့   ရီမထွက်အောင်
ခဏ  လောက်  ငါ  အသက်အောင့်ထားလိုက်မယ်
မသေ ခြာတဲ့   စကား လုံးနဲ့ 
ငါ့  သမိုင်းထဲ   ရာဇ၀င် မလာတွင်  နဲ့ 

မှတ်တမ်း  မတင်ထားမိတဲ့ 
နင်   နဲ့  ပတ်သက်တဲ့ 
ခံစား ချက်တွေကို
အလေးနက်  မထားမိခဲ့လို့ 
ပေါ့ပျက်ပျက်  ဖြစ်ခဲ့ရင်
အရာရာ အတွက်  I m Soe  Sorry  ပဲကွာ.။

ညအက္ခရာ

Sunday 23 June 2013

အလွမ်း နင့်နင့် 




တမန် မခင်း လမ်းမရှင်းထားပဲ
ဘယ်  ဘုရင်မ   လမ်းလျှောက်ဖူး သလဲ
အကြောင်းပြချက် မရှိပဲ နဲ့ 
အချစ်ဆိုတာ ဖြစ်မလာခဲ့ဘူး ကွယ်

လွမ်းတယ် ချစ်သူရဲ့ 
ကဗျာ တွေ ဘယ်လိုရေး...ရေး
ငါ့ စိတ်က  အဝေး က
နင်  ရှိမယ့် အရပ်  ဆီ 
တံခါး  လာလာ  ခေါက်မိတယ်

ဘယ်သူတွေ ဘာပြောပြော
ဘယ်တော့မှ မယုံဘူး
မိုး နဲ့  မြေ လိုပဲ
အက္ခရာ တစ်လုံး နဲ့ 
တို့  နှစ်ယေက်  ရှေ့ ဆက်ချစ်မယ်

ချစ်သူ နင် သိလေမလား
ငါ လေ ချစ်သူ မျက်နှာ  အမြဲ မြင်ချင်ခဲ့တာ
ချစ်သူ အရိပ် မှာ အိပ်စက်ဖို့ 
ချစ်သူ  အချိန်မှန် တွေ့ နေကျ အချိန်လေး
မမေ့ပါနဲ့ နော်


ငါ  ဒီ  ကဗျာ ရေးနေတဲ့  အချိန်မှာ
ငါ  လေ  ချစ်သူ အနားရှိနေတယ် ဆိုတာ
ချစ်သူ   မမေ့နဲ့ နော်...............
စိတ်ဆိုး တဲ့ ခဏ မှာ
ရန်တွေ့ နေပေမယ့်
ခွဲခွာရတဲ့   အချိန်လေး အတွင်းမှာ
သတိရ မှု့  အလွမ်းတွေ  နဲ့ 
အရမ်းချစ်တယ်  ချစ်သူ ရဲ့ 

 ညအက္ခရာ။။။။










Saturday 22 June 2013

ရင်ထဲက မေတ္တာ ။။။။။။။။။။။။။။။။။။။။။



ပျော်နိုင် ခွင့် ဆိုတာ
တမ်းတ ယုံလေးပါ
မရနိုင် သေးတဲ့ 
အနာဂတ် ထဲ
မခေါ်ရဲသေးလို့ 
မေတ္တာ တရား
ခေါင်းပါးတယ် လို့ 
မသတ်မှတ် လိုက်ပါနဲ့ 

ရင်ထဲမှာ ချစ်တတ်တာ ထက်
ထားစရာ မရှိလောက်အောင်
ချစ်ခဲ့တာ
ငိုနေတဲ့ 
မျက်အိမ် လေးနဲ့ 
အတွေး ခပ် နင့်နင့်  ကို
ပင့်သက်ရှိုက်ယူဖို့  ခက်တဲ့ 
ရင်ဘတ် ကြီး
အသိဆုံးပဲ ကွယ်

မေတ္တာ ငတ်ဖူး သူမို့ 
အကြင်နာတွေ ပေးဖို့ 
မမေ့ ခဲ့ပါဘူး
မဖြစ်သေးတဲ့  အချိန်ပေမို့ 
ခပ်ဝေးဝေး က လွမ်းနေတယ်ကွယ်

ရင်ခွင် ထဲ ဖက် ထားချင်ပေမယ့်
မပြည့်စုံသေးလို့ 
နားလည်ပေးစေချင်ပါရဲ့ 



ညအက္ခရာ

Thursday 20 June 2013

ကျမ ရဲ့  အမေကြည်






မငို  နဲ့   အမေ
ကျမ လဲ  အမေ့သမီးနော်
ဘယ်နေရာ ရောက်ရောက်
အမေ  ဟာလည်း  ကျမ  အမေပဲ
အဖေ  မရှိတော့ပေမယ့်
ကိုကြီး နဲ့   ကျမ  ရှိနေသေးတယ်

အမေ  အရင်း နဲ့ အမျှ
ချီးသေး အစ အညစ်ကျေး အကုန်
သုတ်သိမ်း  ပေးတာ  အမေ
အမေ  ထိမ်းကျောင်းလို့ 
ကျမ  ဒီအရွယ်ရောက်ခဲ့သလို
အမေ  နို့ ပိန်  ချိုလိမ် လုပ်ပြီး
စို့ ခဲ့တဲ့   ရက်တွေ  ကို မမေ့သေးဘူး

မိရင်း ဖရင်း
အနေဝေးလို့ 
အမေ့ရင်ခွင်  တိုးလို့ ဝင်ပြီး
ဟိုနား က နာ
ဒီနား  က  ကိုက်
အမေ ရယ် ကူနှိပ့်ပေးပါလို့ 
ပူဆာ ချိုချွဲ  အမေ့  အပေါ်
ဗိုလ်ကျ  ဖူးတယ်

ကျောင်းဆင်းချိန်လေး
အပျင်းစိတ် ကလေး
အကျင့် ရှိလို့ 
အမေ လာချီလှည့်
သူငယ်ချင်း အပေါင်းဖော်
အမှားတော်ပေးလို့ 
ကျောင်းတော် အ၀င်   လမ်းမှာ
ငုပ်တုပ်ထိုင်စောင့် ရင်း
အမေ  ကို ညှဉ်း  ခဲ့ဖူးတယ်

ခုနေအချိန်  အမေ  နေမကောင်း
ချမ်းတုန် နေရင်
အမေ့   နဘေး  ဘယ်နေမလဲ
အမေ့ တွက် အဟာရ
ဘယ်သူ ကဖြည့်လို့ 
ရေပူ ရေအေး  ဘယ်သူ တည်ပေးမလဲ

အမေ ရယ်
မငို နဲ့  အမေ ၀မ်းမနည်း နဲ့ 
ကျမ  ပြန်ခဲ့တဲ့  နေ့ 
အမေ့  နဘေး နေကာပေးလို့ 
အရင်လိုပဲ ချွဲနွဲ့ ရင်း
အမေ့ လိုအင်လေးတွေ
ကူညီပေးမယ်


အမေ့ဝမ်းကြားက
မလာပေမယ့်
အမေ့   လက်ကြားက
ကြီးပြင်းလာတဲ့   ကျမ  မို့ 
အမေ ဟာ ကျမ အမေ
အမေ ကလည်း ကျမ 
ကျွေးမိဘ  ပေမို့ 
အမေ့ကျေးဇူ့    မမေ့ခဲ့ဘူး အမေ

ကျမ  ငယ်စဉ်က  အမေကြည်  လို့ ခေါ်ခဲ့တဲ့   နို့ ထိန်း အမေ ခုနေ   တစ်ယောက်ထဲ   အဖေလဲ မရှိတော့ အမေတစ်ခု  သားတစ်ခု နဲ့   
ကိုကြီး ကလဲ  အဝေးမှာ   အမေ့ အနား ဘယ်သူမှ  မရှိတော့  သတိရရင်း အမေ့ကို  လွမ်းလို့   အမေ့အတွက် မတတ် တစ်ခေါက်  ကဗျာ  လေးနဲ့   ကောက်ရေးမိတာ   ကာရန်မညီပေမယ့် အမေ့ အတွက် ရေးခဲ့တာမို့    ကျမ   ကျေနပ်မိတယ်   အမေ  ဆိုတဲ့   အမေ  အားလုံးကို  ကျမ  ချစ်တယ်

တစ်ပင် ထဲသော မာန


အရွက်ရယ် စိမ်း
ပွင့် ဖတ်အရိုး ခိုင်
မာကြောပါလို့ 
ဘယ်သူ့ အားမကိုး
ရေးစီး  တစ်ခါ  
ရေ သာ  တစ်လှည့်
ဗေဒါ  ရေမျော
ဆယ်ယူသူ ကင်းမဲ့ 
တန်းဖိုးနည်း လှတဲ့ 
ဗေဒါ  လေးရယ်

ရေစုန် ရေဆန် 
သူ  လေ မျော  ပါလို့ 
ဗေဒါ ပန်း  ကလေး
ဘ၀ရယ်က  အဖော်မဲ့ တယ်
အား  မငယ်လှတာ
သူ့  မာန ပေါ့ 


ညအက္ခရာ

Wednesday 19 June 2013

ချစ် မိ လို့ 


မပြောင်းလဲ  ဘူးနော်
အရင်  လိုပဲ  ချစ်နေဆဲ
မနေ့ က အတိုင်းပဲ
အချစ်တွေ  တွယ်တာ နေဆဲ မို့ 
အချစ်စိတ်တွေ     မပျက်ပြယ်  ဘူးကွယ်

ခုလဲ  ချစ်တယ်
နောက်လည်း ချစ်မယ်
ပုံမှန်အတိုင်း လည်း
အနိုင် ယူ  ဆိုး  နေသူ  မို့ 
စိတ်ဆိုး  မယ်  မကြံနဲ့ 
ရှင်  လည်းချစ်တာ ကျမ သိတယ်

မာန  မပါ  တဲ့ 
ကျမ  နှစ်ယောက့်  အချစ်
ချိုတာ လည်း  မဟုတ်
ခါး  ဖို့ လည်း  မပါ
တစ်ကယ်ပါ
မေတ္တာ ပိုနေ ခဲ့တာနော်

ဈေးဆစ့် မယ်  မကြံ နဲ့ 
ဒစ့်စကောင့်  မချ 
ကျမ   နှလုံးသား
အမှန်ကန် မို့ 
Made in my  love  နော်





ချစ်သူ နဲ့  ကျမ


ပျော်သူထက်  
မျှော်နေသူပါ  ကွယ်
အကြင်နာ ရင်ခွင်
ခပ် ဝေးဝေးမို့ 
တွေးပူ မိတာ
အပြစ်ရှိနေမလား

အချိန် ဆိုတာကို
ဆွဲလှည့်  ချင်ပေမယ့်
ကိုယ်ပိုင်   မဟုတ်လို့ 
ငေးလို့ ပဲ ဆွေးနေရတယ်

တစ်ကယ်ကို  အနီးပါး
ခစား  နေချင်မိတာ
စိတ်ရင်းခံမို့ 
ညစဉ်  နဲ့   ညတိုင်း
ဒီ အလွမ်း က နှိပ်စက်
မကျေနပ်စိတ်ကို  မြို  သိပ်ရင်း
 အိမ်မက် တစ်ခု
အတူတူ  မက် ချင်တယ်

ညတွေ  တိုင်းကို 
အသက်ဝင် စေ ဖို့ 
နှစ်ကိုယ် တူ   ကြိုးစားနေဆဲပါ
အနေ  ဝေးတဲ့   ဝေဒနာ
အတူတူ  ခံစားနေရတာမို့ 
မကျေနပ် စိတ် ကို မြိုသိပ်ရင်း
သံယောဇဉ် ပိုလို့  တိုး
အချစ်  နဲ့  အလွမ်း တွေကြား
နစ့်  နေဆဲပါ.............




Tuesday 18 June 2013

ဘ၀ အတု


ရုပ်  နဲ့   နာမ်
လက်ဖ၀ါး ချင် ရိုက်လို့ 
ငါ   လူ    ဖြစ်ခဲ့တာလား
အလန့်  တစ်ကြား  
ထအော် မိလို့    ငါ့ အသံ 
သူများကြားမှာ လည်း
အားနာ    မိသေးတယ် 

ဖိနပ်   မချွတ်ပဲ
လောကကြီး ထဲ  ၀င်လာခဲ့တဲ့ 
အပြုံး  ကိုလည်း   ငါ    မုန်းတယ်

သုည  ၀င်စား လို့ 
ငါ့   ဘ၀  လက်ဗလာ ကိုလဲ
မုန်း ချင်  မိတယ်

ဒီ ဥတု  သုံး  ရာသီ ကို
ဘယ်သူ ဖန်တီးထား တာလဲ
ဖောက်ပြန်နေတဲ့  ဥတု  တွေ အတွက်
ဘယ်သူ့ ကို  တိုင်ပြောရမလဲ
မနေ့ ထဲက   အချိန်ခါ မဟုတ် 
မိုး  ရွာချတာ   ငါ့ အိမ်ခေါင်းမိုး
ရေတွေ  စိုရွှဲလို့ ပေါ့

ငုဝါ


ကျမ ကောင်ကင်းသည်  
 မဲမှောင် အုပ်မှိုင်း နေလေ၏
 မကြာခင်   မိုး ထစ်ချုန်း ရွာ နိုင်ဖွယ်ရှိ သလို 
 တောင်ကုန် ထက်မှာ 
 ငုဝါ ပွင့်ခက်တို့   အပြိုင်ဆိုင်  ပွင့်နေတုန်းမို့ 
 ကျေးဇူ့ ပြုပြီး  လေနီကြမ်း ရယ်
 မရမ်း လိုက်ပါနဲ့ 
 ပွင့်ဖတ်  တွေ မြေခ
 လူ  တကာ  ခြေမွ အနင်း ခံရမှာဆိုးလို့ ပါ


ညအက္ခရာ

Thursday 6 June 2013

ကဗျာ

ဘ၀  အကြောင်းတွေးရင်
ကဗျာ တစ်ပုဒ့်  အဖြစ်
ရေးချ  ချင်တယ်
ဒုက္ခ  ကိုလည်း
ကဗျာ လုပ်ရေးမယ် 

စိတ်ကူး တွေယဉ်ပြီး
ချစ်သမျှ  သီကာနှော 
ချစ်သူ  အတွက်
ဆန်းသစ်  နေတဲ့
အတွေးလဲ 
ကဗျာ တစ်ပုဒ်ရေး မယ်

စားဝတ်နေရေး
အနာဂတ် အကြောင်းတွေးလို့   လည်း
ကဗျာ  တစ်ပုဒ့် ရေးမယ်

လောဘ  
ဒေါသ
မောဟ  ကိုပေါင်းပြီး
ငါ  ရေး သမျှ 
ကဗျာ ပဲ  ဖြစ်စေရမယ်
 


ဝမ်းနည်း   ၀မ်းသာ
စိတ်ဆိုး  စိတ်ကောက်
ကဗျာ  တစ်ပုဒ့် လောက် ဖြစ်ဖို့ 
ငါ့  အတွေး  ထဲ 
စာလုံးတွေ  စီနေသေးတယ်
ဘာပဲ  ဖြစ်ဖြစ်  စာလုံး တွေ  စီကာချ
ရေး သမျှ  တွေဟာ
ကဗျာ  ဖြစ်နေသမျှ
ကဗျာ သာလျှင်  ငါ့  ကမ္ဘာ ပါပဲ

ဆောင်း ရာသီ အလွမ်း

ဘ၀  က  ခုမှ
ဆောင်းဦးကျ   ကာစ


မကြာ ခဏ 
ဆောင်းနှင်း တွေလဲ ကျတယ်
မြူနှင်း ဖုံးတဲ  အရသာ  ကိုလည်း
ရတယ်

ချမ်းချမ်း  အေးအေး နဲ့ 
ချမ်းစိပ့်စိပ့်  အလွမ်းလည်း
ရတယ်

အလွမ်းခံစား မှု့  တိုင်းကို
ခံနိုင်ရည်  ရှိပြီ မို့ 
စိမ်းစိမ်းလန်းလန်းပဲ
ခြောက်  ကက်ကပ်   သတိရ  နေတတ်ပြီး


ညအက္ခရာ((((((((((

Wednesday 5 June 2013

လွန်ခဲ့တဲ့  အချိန်ပိုင်းက



ရင်ခုန် မှ  အသက်ရှင်နေ တယ်ဆိုရင်
ငါ   ဟာ ဒီနေ့ လဲ
အသက်ရှင်နေဆဲပေါ့
နင့် ကို ချစ်မိလို့ 
အသက်ရှု  ရပ်ခဲ့တယ်ဆိုရင်
ဒီနေ့ ဟာ  ငါ့      ရဲ့ 
ရက်လည် နေ့  ပဲ



အလွမ်း ခါးခါး


စိတ်ချင်း  ထပ်တူပါ ချစ်သူ
ကျမ လဲ  ဒီလိုပါပဲ
တစ်နယ် ဆီဝေးလို့ 
အသဲဆွေး မတတ် လွမ်းရသူမို့ 
ကဗျာ  တွေ  နဲ့ ပဲ  အလွမ်းပြေ 
ချစ်သူ အတွက်  ဖန်တီး 

ချစ်သူ ပေးလာမယ့်
အနမ်း ပဲ ဖြစ်ဖြစ်
အလွမ်းပဲ ဖြစ်ဖြစ်
ယုယခြင်း  တွေနဲ့  မြတ်နိုးစွာ
ခံယူပါရစေ

အိမ်မက်ထဲမှာ  ချစ်သူ က
ကျမ ကို    စိမ်းကားသွားရင်
အတွေး  တွေ နဲ့ တောင်
ကျမ ရင်တွေ  နာကျင်တယ်
ချစ်သူရယ်

သံယောဇဉ်  ဆိုတာ
လွမ်းစရာများလား လို့ 
စဉ်းစားတတ် လာတဲ့အခါ
နယ်မြေခြား နေတဲ့
ကျမ  တို့  နှစ်ယောက် အလွမ်းတွေးက
ခါးသက်လိုက်တာ  ချစ်သူရယ်.........

ညအက္ခရာ.............

Tuesday 4 June 2013

ချစ်လျှက် ပါ မောင်


မောင်......ချစ်သူ  ဘ၀မှာ
သ၀န်တို ပြီး စိတ်ကောက်
ကြည်နူးဖို့   ကောင်းတာ
မောင်   များ မသိလေသလား
စလိုက် နောက်လိုက် စိတ်ဆိုး လိုက်နဲ့ 
ဒီ  ဒဏ်  တွေ ကို မခံနိုင်လို့ 
မောင်   ကျောခိုင်းခဲ့တာလား

သိပ်ချစ်တာပဲ "   မ  "ရယ်.................လို့ 

မောင်  ခဏ  ခဏ  ပြောခဲ့တာ
ပစ်ခွာ  ဖို့ များ ဖြစ်ခဲ့တာလား
ချစ်ပြီးမှ  နောက်မဆုတ်တမ်းလို့ 
မောင်  ပြောခဲ့တာ
နောက်ဆုတ် တာမဟုတ်ပဲ
ရှိလက်စ  အချစ်ကို ဆုတ်ဖြဲ ပြစ်ခဲ့တာပါ

နေတတ်ခဲ့ပါတယ်
ကျေနပ်စွာနဲ့ 
ကျမ  စာမျက်နှာတွေ ကို ကျမ  စာပြန်ဖတ်တဲ့အခါ
လက်မခံနိုင်တဲ့   အကြောင်းနဲ့ 
ကျမ အနား  မောင်   ရှိ  မနေနိုင်တာ
လက်ခံမိပါတယ်


ပျော်ရွှင်ပါစေ   မောင်
ထာဝရ  သာယာခြင်းတွေ နဲ့ 
လာချင်း မကောင်းခဲ့တဲ့
ကျမ  အတွက်  အနာတွေကိုသာ
အဖော်ပြု  ဒီကဗျာ  လေးနဲ့ 
ဆုတောင်း ပေးပါတယ်
မောင်  တစ်ယောက်  အေးချမ်းပါစေ  လို့ .................။


(ညအက္ခရာ   ၏.....ချစ်တဲ့ သူငယ်ချင်းမလေး တစ်ယောက်ရဲ့   ရင်ဘတ်ဌားရမ်းခဲ့သည်)

Monday 3 June 2013

တိမ်ညိုအောက်





                                              ရွှေငွေ  မချမ်းသာ လဲ  နေပါစေလေ
                                              အပူပင်  ကင်းကင်းနဲ့ 
                                              သောက လေးတွေ  ဖြူစင်နေပါရစေ
                                              ဘ၀မှာ  တစ်ခါ တစ်လေ  လဲ
                                              ရံဖန်  ရံခါ  ခလုတ် တိုက်ဖူး  သလို
                                              ဇာတာ  နဲ့   နက္ခ   မသင့်မြတ်  လို့ တဲ့ 
                                              အနာဂတ်  ကို  သေရာပါ ဒဏ်ခတ် လိုက်တာ
                                              တစ်ကယ် ကို သူရက်စက်တယ်ဟာ..............
                                             

                                              အရာရာ အဆင်မပြေ တဲ့  သူမို့ 
                                              ဘ၀  ဟာ   အမြဲတမ်း
                                              အရောင်မလှတဲ့   ကောင်းကင်ကြီး  အောက်မှာ
                                              နေပူစာလှုံ  ရသလိုပဲ
                                            

ညအက္ခရာ((((((((((((((((