မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Saturday 30 November 2013

မေ့ထားခဲ့သမျှ



မမြင်သာ  တဲ့ ကြိုး တစ်စ
ဖက်တွယ်ထားမိသမျှ
တိုးတိတ်စွာကျတဲ့   သက်ပျင်းချသံ
ဘယ်သူကြား နိုင်မှာလည်း

အစိတ်စိတ်မွှာ ပျက်စီးခဲ့တဲ့ 
ရင်တွင်းခံစားချက်တွေ
တစ်စစီပြိုပျက်ခဲ့လို့ 
ငို ခဲ့ရတဲ့   နေ့ တွေ  ထဲ
ဒီ  အခန်းကျဉ်းလေးက
အဖော် အဖြစ်  ငါ့အတွက်
ရပ်တည်ပေးခဲ့တယ်

မျှော်လင့်ခြင်း  ဆိုတာ
ချိုချဉ်စားရသလို ပဲ
မပြီးပြင်တဲ့   အရသာ ကို
ဇိမ်ခံပြီးစားနေမိတယ်


မကျေနပ်တာတွေ
ယမ်း   ထုပ် တစ်ထုပ် လို 
ယုယုယယ ပိုက်ပြီး
ပေါက်ကွဲမှု့   မပြင်းထန် ခင်
နေရပ်က  ထွက်ခွာလာသူ  တစ်ယောက်အတွက်
ဘယ်အရာမှ  စိတ်ထဲ 
မယုယ  ချင်တော့ဘူး



ညအက္ခရာ................

Wednesday 27 November 2013

အဖြူရောင်....စိတ်ကူး


ငယ်စဉ်ချိန်က အိမ်မက်တွေထဲ
ရွှေမင်းသမီးလို
စိန်ရောင် တောက်ပ မင်္ဂလာပွဲမှာ
ငါဟာ  အပျှော်ရွှင်ဆုံး
သတို့ သမီး ဖြစ်ချင်မိတယ်
ခုချိန်မှာတော့


တို့ နှစ်ယောက်ရဲ့   လက်ထပ်ပွဲမှာ
ပကာသန .........
ဟအင်း..................မလိုဘူးနော်
သမရိုးကျ
ရိုးရိုး  ထမီဝတ်ပြီး
ပရဟိတ  မှာ  လိုအပ်တဲ့   အလှုလေးက
တို့ နှစ်ယောက်ရဲ့   မင်္ဂလာအလှုပေါ့

ဂုဏ်တု ဂုဏ်ပြိုင် တွေ နဲ့  
ရောင်စုံ စိန်ရွှေ ကြားမှာ
အပြုံးတု  တပ်ပြီး
ဖော်လို လိုက်တဲ့   မျက်နှာဖုံး
အပြုံးတွေ နောက်က ကဲ့ရဲ့ သံတွေ  မယူချင်တဲ့   
ငါ့ စိတ်ဓာတ် ကို နင်  အသိပါ


မရှိ ရှိတာကို သိုသိပ်
စိုစိုပြေပြေ  အိမ်ထောင်ရေး တစ်ခုနဲ့ 
သာယာတဲ့   မိသားစုလေးထဲ
နွေးထွေတဲ့    နင့် အရိပ့်
တိုးဝင်ချင်လို့ 
မိုး  စိုရင် ခိုနားရာ
နင့်  ရင်ဘတ်လေး ကို 
တစ်သက်စာ အတွက်
ခဏ  ဌားရမ်း  ပေးပါ

တော်ဝင် အခမ်းနားမှာ
မင်္ဂလာ  ပွဲ  မကျင်းပ  ရပေမယ့်
အမျှော်မြင်တွေ  များစွာနဲ့ 
နင် ဦးစီးတဲ့ 
အိမ်ဦးလှေငယ်လေးထဲ
စီးနင်း   ခွင့်ပေး တဲ့   အတွက်
အရာရာ    ကျေးဇူ့ ပါ......



ညအက္ခရာ..............

Tuesday 26 November 2013

လွမ်းတယ် ချစ်သူ............


အူကြောင်ကြောင် နဲ့ 
ဆား မပါတဲ့ ဟင်းခွက်ထဲ
ရေ ရောပြီး ဟင်းချို သောက်ရသလိုပဲ
နင် မရှိတဲ့   နေ့ ရက်တွေ ထဲ
ငါ............အတွေး  တွေ 
ေ၀၀ါး   စေခဲ့တယ်

ပြန်ဆုံဖို့  အတွက်
ကြိုးစားနေတဲ့ 
ရက်စွဲတွေ ကို 
တွေးကာငေးရင်..........
ငါ..........လေ
ချစ်သူကို  သတိရ  နေမိတယ်


အရင်လို
အချိန်မှန် ဆုံဖြစ်တဲ့  နေ့ ရက်တွေ ထက်
ကိုယ်တို့   ရှေ့ရေးအတွက်
ကြိုးစားရမယ်  ကလေး  ရယ်...တဲ့ 
ဟုတ်ကဲ့   ချစ်သူ....
ခုလေ   တနင်္ဂနွေ     ဆိုတဲ့
ချစ်သူ နဲ့   ဆုံမယ့်  
 နေ့ လေးကို  တန်ဖိုးရှိစွာ
မျှော်တတ်လာခဲ့ပြီး    ချစ်သူ



 ညအက္ခရာ.......