Wednesday, 31 July 2013

ချစ်မိ သူ တစ်ယောက် အဖြစ်



တစ်ရွာသား  နဲ့  ရည်စား ထား ရတာ
ဖိနပ် မပါ တဲ့  ခြေထောက်
ဆူးစူး မှာ လည်းကြောက်ရ သလို
သူ နဲ့  ဝေးရမှာကို တွေးကြောက်မိတယ်


တစ်ခါတလေ ရီရီမောမော နဲ့ 
တစ်ခါ တရံ  စိတ်ကောက်ကြတယ်
နဖူးစာ ရွာလယ် လို့ 
သံယောဇဉ်  တံတား ထိုးမိပါတယ်
သူ အလိုကျ လိုက်လျှောမိတာ
ကိုယ့်ကိုကိုယ် တောင် ဘာမှန်း မသိတော့ဘူး
သြော်...........အချစ်ဆိုတာ လည်း ဆန်းကျယ်ပါလားကွယ်.............

လွန်ဆန် မရတဲ့   အမိန့် 
ချစ်သက်တမ်း တိုးလာ တဲ့အမျှ
သူ့   အကြိုက်လိုက်  သူ့ တဘောကိုဆောင်
"ဟအင်း"  တစ်ခွန်း  ငြင်းခွင့် မရှိ
"ဟုတ်ကဲ့"  တစ်လုံး နဲ့  တင်...
သူ့ အရိပ် အောက်   တပ်သား တစ်ယောက်  အဖြစ် နဲ့   ငါ
ရှေ့ ဆက်မယ့်   လမ်း တိုင်းကို   ဆူး ခလုပ် မရှိစေချင်ဘူး ကွာ





ညအက္ခရာ...





2 comments:

  1. အရမ်းခံစားလို့ ကောင်းတဲ့ ကဗျာလေးတွေပါ။
    အရင်က မခံစားတက်ဘူး။အခု ကဗျာတွေ ကို ခံစားတက်လာပြီ။
    အားပေးနေတယ်နော်။ ကြိုးစားပါနော်။

    ReplyDelete
  2. ကြိုက်တယ်

    ReplyDelete