နင် စိတ်အဆာပြေဖို့ 
ငါ................
စာပွဲထိုး တစ်ယောက်လို
ရင်ဘတ်ထဲ ကနှလုံးသား နဲ့ 
ဧည့်ခံကျွေးမွေး
ဟောင်းလောင်း ပေါက် အသဲ နဲ့ 
ခံစားချက်တွေ အသက်မဲ့  ခဲ့ရပြီး.......။
နင် အလင်းရောင် ရဖို့ 
ငါ.......
ညစ်ထေး နေတဲ့  ဆီးမီး ခွက်လို
အပူတွေ ရင်မှာခြုံ
မှိုင်းငွေ့ တွေ အကြား
ငါ့ မျက်ရည်တွေ ဖြာဆင်းကုန် ပြီးလေ...........။
နေ နဲ့  ည
ဖြစ်စဉ်တွေထဲ
ခေါက်ရိုးကျိုးနေပါပြီဆိုမှ
မက်တဲ့အိပ်မက်တွေကတောင်
ခေါက်ရိုးကျိုးလာ
နင် နဲ့  ပက်သက် လာရင်
ဘာများ ရင်ခုန်စရာရှိပါသလဲ … ။
နေမြင့်  လာတဲ့ အမျှ
ငါ့ အချစ်တွေ ခြစ်ခြစ်တောက်
ပူလောင်နေခဲ့ပြီး
နင် စေလိုရာ တစ်ကိုယ်စာ
လှိုင်းလုံး အကြား
နင့်  အလိုကျ လွန့် လူး ခဲ့ရပါတယ်....။
No comments:
Post a Comment