ဟောင်း နွမ်းပြီးလို့  ထင်ခဲ့ တဲ့ 
ဖိနပ် အစုတ် ကို
လွှင့်ပစ် လိုက်ပြီး ပီပဲ
သူများ ကောက်စီး မှ
ဒါ.............ငါ့ဖိနပ် ပါလို့ 
သက်သေ အထောက်ထားတွေ နဲ့ 
စွပ်စွဲနေတဲ့  မင်း အတွက့် 
ငါ............ရှက်တယ်
ချစ် တိုင်း မညား
ထား တိုင်းလဲ မမြဲတဲ့ 
ရည်းစား တွေ လိုပဲ
ချစ်ပါတယ် လို့ 
ဖွဖွရွရွ သွားပြောနေလည်း
ထူးမလာတဲ့  ဇာတ်မို့ 
ဆက် မက တာပဲကောင်းပါတယ်........
နင် ကလည်း နင် စစ်စစ် ဖြစ်ဖို့  နဲ့ 
ငါ ကလည်း ငါ စစ်စစ်ဖြစ်ဖို့ အတွက်
မာန တွေ ရေစစ်ထဲ
ဇကာတင် စစ်ဖို့ 
မလိုအပ်ဘူး ထင်တယ်.........
ဝါကျ တွေ နဲ့ 
ခက်ဆစ့် မဲ့ ပုစ္ဆာ လိုပဲ
အသံထွက် မမှန်ခဲ့လို့ 
တို့ တွေ...........ဆုံမှတ်လွဲခဲ့ရပြီ
No comments:
Post a Comment