Tuesday, 30 July 2013
ပန်းခရေ မြင်တိုင်း လွမ်း စိတ်ပို တဲ့  တစ်ချိန်
မိုးဥတု ရဲ့ 
အအေးဓာတ့် လေး မပိုမကဲ
အုပ်ဆိုင်း မိုးညို
တောင်းတန်းတွေ ၀ိုင်းရံ နေတဲ့ 
မြစ်သံလွင် ချောင်းနဘေး က
အိမ်လေး ကိုလည်း လွမ်းမိလေရဲ့ 
ခရေပင်အောက် ဖြတ် အလျှောက်မှာ
လေ အတိုက် ကြွေကျလာတဲ့ 
ပန်းတွေ ကောက်ရင်
အမေ့  ဆံကေသာ မှာ အမဲရောင်ကျဲ
ဖြူ မွဲမွဲ နောက်တွဲ ဆံထုံး ထက်
ဒီပန်း တွေ ဝေနေဖို့  အတွက်
အမေ ရေ.ဒီပန်းလေး
ပန်ပေး ပါနော် ပူဆာသံ လည်း
ကြားယောင်သေးတယ်
တံငါးသယ် မဟုတ်
ဝါတနာ နဲ့  အချိန် ကို အသုံးချ ချင်လို့ တဲ့ 
အဖေ ငါးရှာထွက် လို့ 
အဖေ ပြန်လာချိန် ကမ်းနဘေး
အမေ နဲ့  အတူတူ ငေးရင်
ဒီနေ့  အဖေ ငါးတွေ အများကြီး ရမလား အမေ လို့ 
ကလေး တစ်ယောက်ရဲ့  အမေးမြန်ထူ ပုံ ကို မဖြေနိုင် လို့ 
ခဏခဏ ကျလာ တဲ့ 
အမေ့  မျက်စောင်း အိုအို
မရိုးနိုင် တဲ့  ငယ် ဘ၀ လေး တွေးရင်
သွားလေသူ အဖေ ကို အရမ်းသတိရတယ် အမေ..........
ရွာလယ် ကျောင်းတိုက်
တုံမောင်းထုသံ နေ့ ဆွမ်း ကပ်ဖို့ 
ဆွမ်းဗန်း ကိုရွက် ယောဂီ တဘက် နဲ့ 
မနိုင်မနင်း ထမီးကွင်းလေး အပြေးဝတ်
တစ်ဆယ့် ရှစ်နှစ့် ရဲ့  သမီးပျို ဘ၀ ကိုလည်း လွမ်းတယ်
အရွယ် ကလေးတွေ လွန်
ခုဆို အသက် တွေတောင်
နှစ်ဆယ့် ကို လွန်၍ သုံးဆယ် ဆိုတဲ့ 
ရာဇ ထဲ ရောက်ခဲ့ပြီးနော်
ဘ၀ အကြောင်းလေး
ဟိုးတွေး ဒီတွေး နဲ့ 
အမိမြေ ကိုလည်း တမ်းတ မှန်ဆ ကာလွမ်း
သြော်........ငါ့ ဘ၀ ရယ်
အားလုံး နဲ့  ဝေး တစ်ယောက်ထဲ ငေး............တွေး.............ဆွေး ရင်း
အိမ်ပြန်ချိန် ကို တောင် ပြက္ခဒိန် မလှန်ကြည့်မိသေးတာ
အနာဂတ် အတွက် ရုန်းကန် တုန်းမို့  ထင်ပါတယ်။
(.......တခါ က အတူနေခဲ့ရတဲ့  အမိဖ သဖွယ် သံယောဇဉ် တွယ်ကပ်မိတဲ့ နို့ ထိမ်း အမေ နဲ့  အဘ ကို သတိရမိလို့  မိုးအေးအေး မှာ အလွမ်းစိတ် ပိုလို့  စပ်မိစပ်ရာ ရင်ထဲက စာလုံးလေးတွေ ပါ စာသားအချိုးမကျရင် ခွင့်လွှတ်ပေးပါရှင်..........)
ညအက္ခရာ..............

အလွမ်းဓာတ်ခံရှိသူများ လွမ်းကဗျာကို လွမ်းလောက်အောင်ပဲ ရေးထားတာ ရှုလို့မဝ ဖတ်လို့ မငြီး....
ReplyDeleteသိပ်မိုက်
ReplyDelete