ကျန်ရှိ နေတဲ့  ကျမ
လက်ကျန် သက်တမ်း အချို့  ကို
ချစ်သူ လက်ကို တွဲ နားလည်းခြင်း တွေ နဲ့ 
ပြည့်နှက်နေတဲ့  အိမ်လေး ထဲ
ပျော်ပျော် နေချင် သလို
အခမ်းနား ကြီး မဟုတ်တောင်
မဆန်းပြား တဲ့  တူညီမှု့ တွေ နဲ့ 
တည်မြဲနေတဲ့  အိမ်ထောင်လေး ကိုလည်း
ပိုင်ဆိုင်ချင်ပါတယ်.........
စိတ်ကူးယဉ် မဆန်တဲ့ 
သဘာဝ လောကကြီး နဲ့ 
သဟဇာတ တည့်စွာ ရိုးသားခြင်း တွေ နဲ့ 
ဖြတ်သန်း မိချင်တာ ကျမ စိတ်ကူးလေးပါ
လူချမ်းသာ ဖို့  ထက်
ကျမ တို့  အရိပ့်လေး နွေးထွေး စေလိုတာ
ကျမ မျှော်လင့်ချက်လေးပေါ့ ချစ်သူ ....
အမှား နဲ့  အမှန်
တစ်ယောက် မှားကွက် တစ်ယောက် ထောက်ပြ
အကြောင်းရင်းလေး တွေ
အနားမညီ တဲ့ 
စိတ်ကူး တွေ ရှိ ခဲ့ရင် ကူညီလို့  ဖေးမ
ပြုပြင် ရမှာ ချစ်သူ နဲ့  ကျမ ပဲနော်
အခု ချိန်လေး ထဲက
စိတ်ကူး ထားသမျှ
တစ်သား ထဲ ကျနေဖို့ 
အမြဲတမ်း ကျမ နဲ့  ချစ်သူ
အတွေးကိုယ်ဆီ အမြဲတမ်း သွေးအေး မနေဖို့ 
နွှေးနွှေး ပေးနေဖို့  လိုမယ် ထင်တယ်ကွယ်
ညအက္ခရာ...........
No comments:
Post a Comment