အချစ် ကို ယုံကြည်မှု
မရှိ တဲ့  လူ တစ်ယောက်က
အသဲကွဲ တာ ရီချင် စရာပဲ
မယုံကြည်ခဲ့ တာ အချစ်တဲ့ 
ဘာဖြစ်လို့ 
အချစ် ရဲ့  စည်းဝိုင်း ထဲ
သတ်ပုတ်ပွဲ လာဆင်နွှဲ တာလဲ
ခိုင်မာ နေတဲ့  သူ့ အသဲ က
အချစ် နဲ့  တွေ့ မှ ၀မ်းနည်းရသတဲ့  လား
သွားစမ်းပါ
နှလုံးသား မပါ ပဲ
အလွမ်း နာကျတဲ့  အကြောင်း
စာဖွဲ့  မပြောနဲ့ 
အသဲ မရှိ တဲ့ 
သူ .က
ငမြှား မပါ တဲ့ 
ကိုင်တံ နဲ့ 
အချစ် ရှိရာ အရပ်မှာ
တံငါး သယ် လာလုပ်သတဲ့
လောက ထဲမှာ
အသက် မ၀င်လှတဲ့ 
အချစ်လောက်
ပေါ့ပျက်ပျက် ရှိလှတာ
ဆားမပါ တဲ့  ဟင်း ချိုတစ်ခွက် လိုပဲ
No comments:
Post a Comment