Wednesday, 21 August 2013
လွမ်းမိ တိုင်း သတိရတယ် အမေ
ရေမြေ ချောင်းခြား နေရတဲ့ 
ဘ၀ မှာ အမေ့ ကို လွမ်းလိုက်တာ
ဆူညံပူညံ နဲ့  ဂျီကျ တတ်တဲ့  အသံ
အမေ ရော လွမ်း နေမလား....
ချစ်ခြင်းမေတ္တာ စစ်မှန် တဲ့ 
အမေ့ မေတ္တာ အိမ်လေးထဲ နေခဲ့ဖူးတယ်
အမေ သဒ္ဒါ ကြည်ကြည် ဖြူဖြူ
တိုက်ကျွေး ခဲ့တဲ့ 
အမေ နို့ ချိုချို လည်း
ခိုတွဲ စို့ ခဲ့ဖူးတယ်
ခြောက်စဉ် တစ်ခါ ချော့စဉ် တစ်လှည့်
လမ်းကောင်းဖက် ကို အရွေးမှန် ဖို့ 
အမေ လမ်းပြ တယ်
တစ်ကယ်ပါ အမေ က ကျမ အတွက့် 
ထာဝရ ကောင်းကင်ကြီးပါ
အရာရာ အစားထို ထားလို့ ရတယ်
မိဘ နဲ့  ပတ်သက်တာတဲ့  အရာ
ဘာနဲ့  မှ အစားထိုးမရဘူးတာ
အရွယ် ကလေး ရင့်ကျက် လာတဲ့  အချိန်က စလို့ 
ကျမ နားလည်ခဲ့တယ်
ဝေးနေတဲ့  အချိန်မှာ
အမေ့ ရုပ်သွင် တကယ် အို နေ မလား
မှန်ဆ ပြီး ပုံဖော်ကြည့်တယ်
ကျမ မျက်ဝန်းအိမ် နဲ့  အတွေးထဲ
အမေ အမြဲလှနေဆဲပါ
အိမ်ပြန်ချိန် ရောက်မယ့် တစ်နေ့ 
အမေ့ သမီး ပီသစွာ
အမေ့ အတွက် ကျမ ပေးဆပ်ပေးမယ်
အမေ က ကျမ အတွက် အမေ
အမေ က ကျမ ရဲ့  လမ်းပြကြယ်
အမေ ဘာပဲ ဖြစ်ဖြစ်
အမေ က ကျမရဲ့  အမေ
အမေ ဆိုတဲ့  အမေ တိုင်းဟာ....ကျမ အမေပဲ အမေ
ညအက္ခရာ

No comments:
Post a Comment