ယုံကြည်မှု့  နဲ့  ကိုးကွယ်ခဲ့မိ တဲ့  အချစ်က
အလွဲလွဲ အချော်ချော် နဲ့ 
သ၀န်တို ခြင်း ကို
ယုံကြည်ခြင်း ကင်းမဲ့ တဲ့  သံဒယ ရောပြီး
စွဲချက် အမျိုးမျိုး တင်
ရာဇ၀တ်သား ကို ကားစင်ပေါ် ကြိုးတုတ်
တောင်စွယ်နေမကွယ်ခင် သတ်ကုန်း အပို့ ခံရသလိုပါပဲ
ဟို တစ်နေ့ က ပေါ့
ငါ့ နှလုံးသား ကို
အချစ်သတ်ကွင်း အပို့ ခံရဖူးတယ်
ရိုးရာ မကိုးကွယ် တဲ့  နှလုံးသား ကိုမှ
ခိုကိုးရာမဲ့ ဖြစ်အောင် နင် လုပ်ပြစ်ရက်တာ
ရက်စက်တယ်လို့  ငါ မဆိုလို တော့ပါဘူး
ကြိုးစားပြီး မေ့ပစ် ဖို့ ထက်
လတ်လတ်ဆတ်ဆတ် နာ နေတဲ့ 
ဒီ အသဲ...ဆက် ချစ် ချင်သေးလား
တစိပ်စိပ် နဲ့  ငါ ငုပ် မေး နေသေးတယ်
စွဲလမ်းမိတဲ့  နင့် အပြုံး
ယူကြုံး မရ ဖြစ်တော့မှ
အဆိပ့် သင့် ခဲ့ပြီး ငါ သိခဲ့ရတာ
နောင်တ နဲ့  ငါ့ ဘ၀ နောက်ကျခဲ့ပြီး
ညအက္ခရာ
(ဘာရယ်မဟုတ် သူငယ်ချင်းတွေ အသဲကွဲ ဝေဒနာ ကို ခဏဌားကြည့်တာ)
No comments:
Post a Comment