Tuesday, 8 October 2013
အလွမ်းတွေ ကြားထဲမှ ချစ်သူ ထံ ပျံသန်းခဲ့မယ် ***********************
ဘ၀ ရဲ့  ဖန်တီးရှင် မဟုတ်ပေမယ့်
အနာဂတ် ရဲ့  ချစ်ခြင်းမေတ္တာ တွေ ပေးတဲ့ 
မငြိမ်း သော ဖန်မီးအိမ်လေး ပေါ့
သာမန် လူသား ထဲက သူများ နဲ့  မတူ တဲ့ 
သစ္စာတည် မှု့  ဂရုဏာ တွေ ထပ်ဆင့်တိုး
ကျမ ဆိုး သမျှ သီးခံ ခဲ့သူပါ။
နှစ်ဦး နှစ်ဖက် ပွင့်လင်းခဲ့လို့ 
ယနေ့ ထိတိုင်း မယိမ်းမယိုင်
မြဲမြံ ခဲ့တာ စစ်မှန်တဲ့  မေတ္တာ လို့ 
ကျမ ယုံကြည်ခဲ့တယ်......
တကယ် ဆို အချစ်ပဲ လိုတယ် လို့  ထင်နေ တာထက်
အမှန် ကို လိုအပ်ခဲ့တာ
နားလည်းခြင်း နဲ့  စစ်မှန်တဲ့  မေတ္တာ
အသွားအပြန် မေတ္တာ မှန်မှ
အချစ် က ကိုယ့်ဘေး ရှိနေမှာပါ။
ရေမြေ ခြား အဝေး က ချစ်သူ
တစ်ထက် တစ်နေ့ 
သံယောဇဉ် ပိုမိလို့  မျှော်နေမိတာ
နှစ်ကိုယ်သူ နီးဖို့ ရက်တွေ....
လက်ချိုးလို့ ရေ............
အလွမ်း ရယ် မပြေ နိုင်သူ မို့ 
ဆွေး ရမှာလည်း ဆိုးထိတ့် ပါတယ်
တိုးကြိတ် ကာ ငိုမိ
သူ သိမှာလည်း စိုး ပါ၏။
မေ နဲ့  ဖေ ရယ်လို့ 
ချစ်သူ အသိပေး ဆွဲသွင်း ခေါ်ခဲ့
မိသားစု အရိပ့် ထဲ ကျမ ပျော်မွေ့ မိတယ်
သမီး သား ပီတိဖျာ စရာ အခေါ်ဝေါ် နဲ့ 
ကျမ တွယ်ငြိ မိတာ
ကြည့်စမ်း ကျမ ချစ်သူ က
ကျမ အတွက့်  ရဲရင့် ခဲ့သူပေါ့။
ဖြည့်ဆည်းမှု့ တွေ အများကြီးထဲ
ချစ်သူ.............ကျမ အပေါ် တောင်းဆို ခဲ့တာ
တီတီတာတာ မပီကလာ နဲ့ 
ဘုစုခရု ပါဝင်တဲ့ 
ကိုယ်ပိုင် မိသားစုလေး ပေးလှည့်ပါတဲ့ 
မချမ်းသာပေ မယ့် ပြည့်ဝတဲ့  မိသားစုထဲ
ချစ်သူ...........သူရဲကောင်းလုပ်ချင်လို့  သတဲ့ ။
ကြိုးစားထား သမျှ အရာထင်လာဖို့ 
ချစ်သူရေ..........ခဏလေး ထပ်ပြီးဝေး.......
ကိုယ်ပိုင်မိသားစု လေး ကို
ဖြည့်ဆည်းပေး ဖို့ 
တစ်နေ့  နေ့ တော့ ချစ်သူအရိပ် ထဲ
အဝေး က ကျမ အလွမ်းတွေ နဲ့ 
ပြန်ခဲ့မယ် ချစ်သူ ရင်ခွင် ထံသို့ ...........

No comments:
Post a Comment