Tuesday, 10 December 2013
အဝေးဆုံး .....သို့ 
သံယောဇဉ် အမှန်ကို
ရှိစဉ်တုန်း က
တန်ဖိုးထားဖို့  မသိပဲ
ဝေးသွားမှ.......ပြန်လာပါလို့ 
တောင်းဆိုတဲ့ နင့်...........အနား
ငါ သေ သွားတာတောင် ပြန်မလာဘူး
လူတစ်ယောက် ရဲ့ 
စိတ် ကို ဆိုးအောင်ပဲ စနောက် ပါ
စိတ် နာကျည်းအောင် မလုပ်မိစေနဲ့ 
နင် ကိုယ်တိုင် ရှို့ တဲ့  မီး
နင် တစ်ကိုယ်လုံးပြာကျစေအောင်
နင် ကိုယ်တိုင် မီးမြှိုက်ခဲ့တာပဲ
ကြေပျက်သွားတဲ့  အရာရာ အတွက်
တရားခံ ငါ ပါလို့ 
လက်ညှိုး လာ မထိုးနဲ့ 
မိန်းမရိုင်း မဟုတ်တဲ့  ငါ စိတ်ဓာတ်ကို
စိတ်ရိုင်း သွင်းပြီး နတ် စီးအောင်
နင် ကိုယ်တိုင်း.........နတ်ဆိုး ပင့်ခဲ့တာ
ရင့်ကျက်မှု့ တွေ ရတဲ့ အမျှ
နင် နဲ့  ဝေးရာ ပြေးထွက်မိတာ
နင် ကိုယ်တိုင် သင်ခဲ့ပေးတဲ့ 
သင်ခန်း စာတွေပေါ့
နင် နဲ့  ပတ်သက်လို့ 
ရက်စွဲ မတပ် မိတဲ့ 
ပြက္ခဒိန် တွေကို
ပြန်ပြီး လှန်လှော ကြည့်ချင်ပေမယ့်
နင့်  အတွက် နဲ့  ငါ့ မျက်ရည်တွေ
ထပ်မကျ ချင်တော့လို့ 
တောင်းပန်ပါတယ် အရာရာ အတွက် ဆောရီး ပါ..............
ညအက္ခရာ...............

No comments:
Post a Comment