အခြားနေ့ တွေ နဲ့  မတူ တဲ့ 
ဒီ မနက်ခင်းလေးက
သာယာ နေသလို ပါပဲလား
အားလပ် တဲ့  နားရက်လေးမှာ
အတမ်းတဆုံး ချစ်သူ မျက်နှာ ကို
ငေး မော ခွင့်ရတဲ့ နေ့ ဟာ
ဘာနဲ့ မှ လဲ မရတဲ့  ပျှော်ရွှင်ခြင်းပေါ့
သတိရတာ ထက် ပိုတာ
လွမ်းမောခြင်းပဲ ချစ်သူ
သူများ သကာလို
လက်ခြင်းယှက် ပျှော်ရွှင်စွာ
လျှောက်လည်ခွင့် မရပေမယ့်
ချစ်သူ မျက်နှာ
တစ်ခါ တစ်ရံ ငေးခွင့်ရတာကိုပဲ
မြတ်နိုးနေမိတယ်
အနေဝေး တဲ့ အခိုက်
သတိရ မှု့ တွေ
ထပ်တူ ကျပေးပါ ချစ်သူ
တစ်နယ်စီ ကွာဝေး နေပေမယ့်
ချစ်သူ အပေါ်
မပျက် ပြယ်သော ချစ်စိတ်နဲ့ 
ဆတိုး တိုးလို့  ချစ်နေဆဲမို့ 
ရိုးရိုးလေး ၀န်ခံပါစေ
ငါ.......ချစ်သူ့  အပေါ် အရမ်းချစ်မိနေလို့ ပါ
ညအက္ခရာ...................
No comments:
Post a Comment