Tuesday, 7 January 2014

မာန အပြုံးခါး



နေ့ စွဲ    မတပ်ဖြစ် တဲ့ 
ကြေကွဲသံတွေ..
ဒရွတ်တိုက်ဆွဲချ သွားတဲ့    နေ့  တွေထဲ
နာကျည်း   ခြင်းရဲ့  ပွတ်တိုက်သံက
ငါ့  စိတ် ထဲ ခါးသက်လွန်းလှတယ်

မနေ့  က   အတိုင်းပဲ
စိတ်ရိုင်းတွေ  မောက်မာ နေဆဲပေါ့
ကြောက်တတ် တဲ့    စိတ်
ရင်ဘတ်ထဲ  မထည့်မိခဲ့ တာ
မနက်ဖြန်  ဆိုတဲ့   နေ့  တွေဟာ
ငါ့ အတွက်....လက်ကျန်   ရှင်းတမ်း
ဝိုင်...နီနီ  တစ်ခွက် လောက်  တောင်.....
အရသာ ပုံ မမှန်ခဲ့တာ
နင်.......ပေးခဲ့တဲ့    ဒဏ်ရာတွေ ကြောင့်ပဲ ထင်တယ်

မာန.......နဲ့ 
တည်ဆောက်  မိတဲ့ 
အမုန်း  မြို့ တော်  ထဲ
သံယောဇဉ်  နည်းသူတွေ
ဝင်မလာစေ ဖို့  ခိုင်ခိုင် ခန့် ခန့်  နဲ့ 
ကာရံ  မိတဲ့    တံတိုင်းကြီး က.......ခပ်မဲ့မဲ့ 
ငါ့ အပြုံး  တစ်ပွင့်   နဲ့ ပေါ့...။




ညအက္ခရာ...........

1 comment: