Thursday, 16 January 2014

တွဲလက် မြဲဖို့  ဆွဲထားပေးပါ <<<<<<<<<<<>>>>>>>>>>




သံယောဇဉ် တွေ သိုလှောင်ထားတဲ့ 
ရင်အုံ တစ်ခြမ်းရဲ့ 
အခန်း ကျဉ်း ထဲမှာ
နင့် ကို.....ငါ အရမ်း လွမ်း နေ တာပေါ့ ချစ်သူ


စောင့်စည်း မှု့ တွေ နဲ့ 
နင် မြတ်နိုး သိပ် ချစ်မိတာ
ငါ...ပါပဲလို့  ပြောနေကျ စကားလေး
အမြဲကြားယောင်ချင်နေတာမို့ 
နင့် အသံလေး မကြားရတဲ့ 
ဒီလို ည မျိုးမှာ.........
ငါ...........အရမ်းလွမ်းမိတာပဲချစ်သူ


ငိုသံ ရောစွတ်.....သတိရမိလို့  ဆိုတဲ့ 
ငါ့ အပြောတွေကြား.....
ကိုကို လည်း ထပ်တူ လွမ်းနေတာပဲ ကလေး ရယ်လို့  နင့်စကား
ငါ...အရမ်းလွမ်းတာ နင်သိလား
နှစ်ကိုယ်တူ အရိပ့် ရဖို့  အရေး
အလွမ်း နင့်နင့် ကို ထုပ်ပိုး
ကိုကို ရေ ငါတို့ တွေ
အေးတူ ပူအမျှ နေ့ လေးတွေ ပိုင်ဆိုင်ဖို့ 
ဘ၀ အတွက်ကြိုးစားအုံမယ် ကွယ်



ညအက္ခရာ........

No comments:

Post a Comment