နုတ်ခမ်း တစ်စုံက အပြုံးမဲ့နေတာ
ခံစားချက် မှ ရှိလေစ
လူသူ မရှိတဲ့  အခန်းထဲ အတွေး တစ်ပိုင် တစ်စ နဲ့ 
အမှောင်ည ကို မက်မောခုံမင်စွာ
လူတွေ ပြောတဲ့  ဌက်ဆိုးရဲ့  အော်မြည်သံကိုမှ
ဂီတ တေးသွားလို့  မှတ်ယူတတ်သူ
ဆန့်ကျင်ဖက် လမ်း တစ်ဝက်မှာ ချစ်သူ လမ်းခွဲပြန်တော့
အတ္တတွေ စိတ်အနှံ့  ဖိတ်လျှံခဲ့ ပေါ့
သူရူးတစ်ယောက်လို့  ကျိတ်ကာပြုံးရင်း........
မာန နဲ့  ခေါင်းကို မော့ပေမယ့်
မသိစိတ့်က ဒရွတ့်တိုက်
စိတ်ဓာတ်တွေ စွတ်ကျနေတာ ဘယ်သူသိနိုင်မလဲ
ဒဿန တွေ နဲ့  စိတ္တဇ ကဗျာတွေ ချရေးခဲ့တယ်
ပါးလျှလျှ နုတ်ခမ်းဖျား က သူကိုချစ်ခဲ့ပါလို့ 
အားယူပြီး ပြောခဲ့စဉ်က
ရင်တစ်ခုလုံး နာကျင်ခဲ့တာ ဘယ်သူ သိမှာလဲနော်
စည်းခြားခဲ့ နှစ်လုံးသား ကို လက်ဖြန့် ပြန်တောင်း ပြန်မရပြီးမို့ 
ဒဏ်ရာ ရခံစားချက်နဲ့  ပဲ အဝေးက လွမ်းနေတော့မယ်
အပြုံးကို ၀ှက်ဖဲလုပ်
ဒီလိုနဲ့ ပဲ
ည ကိုခုံမင်စွာ မက်မော မိခဲ့သူ တစ်ယောက်အဖြစ်ခဲ့ ဖူးတဲ့ 
နင့်  ရဲ့  အိမ်မက် ချစ်သူ
0 comments:
Post a Comment