ငွေ ရှာဖို့  လွှတ်လိုက်ကြပါတယ် ။ မမြင်ရတဲ့  မိဘ နောက်ကွယ်မှာ ဖြစ်ချင်တိုင်း ဖြစ် ပျက်ချင်တိုင်းပျက်နေကြပါလား ။(အားလုံးကို မဆိုလိုပါ)
အဲ့ ဒါတွေ မြင်မိတွေ့မိရင် သြော်...........အဖေ ဘာလို့  ကျမ ကို သူများတိုင်းပြည် အထင်မကြီးခိုင်းတာလဲ ဆိုတာ သဘောပေါက်နားလည်ခဲ့ရတယ် ။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ မြန်မာဦးရေ အတော်တော် များများရှိတယ် အဲ့သည့်ထဲမှာ ကံကောင်း ထောက်မစွာနဲ့ အလုပ် နေရာ ကောင်းကောင်း ရတဲ့ သူက ရှားတယ် ။ အလုပ်ရုံထဲ နေ့ စား အလုပ်သမား အနေ နဲ့  0T ကောင်းမှ အိမ်ကို ငွေလှမ်းပို့ နိုင်မှာလေ အချိန်ပို မရှိတဲ့  သူတွေ အဖို့  လုံးလည် ချာလည် နဲ့  ၂ လတန် ၃ လ နေမှ အိမ်ကိုငွေ ရောက်တယ် အဲ့ဒီကြားထဲ အပျော်မက် လို့  အလည်လိုက်မိရင် ရတာလေးတွေ မလောက်ကြ ပြန်ရော ..။ တိုင်းပြည်ရပ်ခြား သွားတယ် ဆိုတာ သေးဘေး ကို ကြွပ်ကြွပ် အိတ်နဲ့  ထုပ်ထားရသလိုပဲ အာမခံချက် မရှိဘူး.။
ဖြစ်နိုင်ရင် သမီးပျိုတွေ ကို သူများ တိုင်ပြည် မလွှတ်စေချင်ဘူး ရှင် ဘာကြောင့်လဲ>>>>>>>>
ထိုင်းနိုင်ငံ က လွတ်လပ် ပါရဲ့  အလုပ်ပိတ်ရက်တွေဆို ပန်းခြံတွေထဲ လမ်းဖြတ်မလျှောက် နဲ့  မြန်မာ မိန်းကလေး ယောက်ျားလေး တွေကြီးပဲ အသက် ကလေးတွေက ၁၈.....၂၀ ၀န်းကျင်တွေပဲနော် စကပ် အတိုအပြတ် ရင်ပေါ် အင်္ကျီး ကလေးတွေ နဲ့  သူတို့ လေးတွေ ကိုကြည့်ပြီး ကျမ ရင်လေး ပါဘိ့။
အကယ်လို့  ကျမ တူမ လေးတွေ အရွယ်ရောက်ခဲ့ရင် ပြည်ပကို ဘယ်တော့မှ မလာခိုင်းဘူး
ထမင်း တစ်ဝမ်း တော့ မြန်မာပြည်မှာ ရှာစားလို့ ရပါတယ် ယုံကြည်လို့  လွတ်မပေးလိုက်နဲ့ 
ဆုံးမ လို့ ရပေမယ့် ရေမြေခြား ရောက် သားသမီးတွေ ကို ဆုံးမ မရတော့ဘူး
ကိုယ်မှ မမြင်ရတာ သူတို့ ပြောသလိုပဲပေါ့ အရင်လိုပဲ လိမ္မာ ပါတယ် အရင် အတိုင်းပါပဲ မထင်လိုက်နဲ့ 
ထင်တိုင်းကြဲနေကြတာ အဟုတ်ပါပဲ.။
နွားခြေရာ ခွက်ထဲ နေခဲ့ဖူးတဲ့  နွားချီး ပိုးကောင်းက ဆင်ခြေရာ ခွက်ထဲလဲရောက်ရော ကမ္ဘာကြီးက တော်တော်ကျယ်ပါလား နဲ့  ဘ၀မေ့ကုန်တယ် နောက်ဆုံး အသားစား ကျား လက်ထဲရောက်ပါလေရော ကြောင် ခံတွင်း ပျက် ရှေ့ မှာ အပျံသင်စ ငှက်တွေ ဘ၀ ကံဆိုမိုးမှောင်ကျ တာပေါ့ ။
အာမခံချက် မရှိတဲ့  ပြည်ပ မှာ ကိုယ့်ကိုကိုယ် တန်းဖိုးမထားတတ်ရင် ဘယ်သူမှ မကူညီနိုင်ဘူးနော် ။
အချို့  အမျိုးသားတွေ ဆိုရင်နော် သူတို့ လုပ်ရပ် အတွက် တာဝန် မယူကြဘူး အဲ့လို ကြုံတဲ့  မိန်းကလေး တွေ အတွက် အရမ်းရင်နာဖို့  ကောင်းတယ် နှမ ချင်းစာနာ စိတ် ထားပေးတဲ့သူတွေက ရှားပါတယ်
ဒါကြောင့် သမီးပျိုလေးတွေ ကို ပြည်ပ မလွှတ်စေချင်ဘူး ရှင် ဖြစ်နိုင်ရင် တော့ ရှိတာလေးနဲ့  တင်းတိမ် စုတ်တာလေးနဲ့  လှအောင်နေတတ်ရင် လက်ရှိအလှ မပျက်လောက်ပါဘူး
အသက် ဆိုတာ တခါပဲ သေ ပေမယ့် ဘ၀ အခါခါ ပေးမသေပါနဲ့  လူဖြစ်ရှုံးလို့ ပါ ။
တိုးတက် နေတဲ့  ခေတ် ကြီးထဲ ပျက်စီးနေတဲ့  လူ တွေ အများကြီးပဲ အကျင့်စရိုက်တွေ ကလဲ တဖြည်းဖြည်းနဲ့  ချို့ ယွင်း လာကြပြီး သီလ ဆိုတာ ဘုန်းကြီးကျောင်း မှာ သွားယူ ရမလိုနဲ့  သမာဓိ ဆိုတာကလဲ ချိန်ခွင် တောင် အလေး မမှန်ချင်တော့ဘူး ဒါကြောင့် ကိုယ်ပိုင် အသိတရား သတိထားမှ ကိုယ်ကျင့် တရား ရှိလာမှာပါ ရှင်......။
ကျမ ဒီစာလေး ရေးရတာ တတ်လို့  တော့မဟုတ်ပါဘူး အိမ်မှာ ကျန်ခဲ့တဲ့  မိဘ တွေ မျှော်လင့်ခြင်း အိမ်မက်တွေ တနင့်  တပိုးထားပြီး ရပ်ဝေး ကို စိတ်ချမှု့  အပြည့်လွှတ်လိုက်တဲ့  သားသမီး တွေ အတွက်ပါ...............အချို့  မိဘတွေ ဆိုရင်လေ ရပ်ဝေး မြေမှာ သူတို့  သားသမီးတွေ ဘယ်လို ငွေရှာ ရသလဲ မမေးကြဘူး လကုန်ရက်ဆို
ဖုန်းတွေ တဂွမ်ဂွမ် နဲ့  ဘယ်နေ့  ငွေ ပို့ မလဲ
"ဟို လူက ဘာ ဖြစ်ခဲ့လို့  ငွေကုန်တယ်"
"ဒီ လူ က ဘာတွေ လုပ်လို့  ငွေလိုပါတယ်"
"နင် ပို့  တဲ့  ငွေက နည်းလိုက်တာ ဘာတွေ နင်လုပ်နေ လဲ ??????????"
စသည် စသည ဖြင့် အနု နည်း တစ်ဖုံ အကြမ်းနည်း တမျိုး နဲ့  ငွေ ကိုဇွတ်တောင်းနေကြတယ်နွားခြေရာ ခွက်ထဲ နေခဲ့ဖူးတဲ့  နွားချီး ပိုးကောင်းက ဆင်ခြေရာ ခွက်ထဲလဲရောက်ရော ကမ္ဘာကြီးက တော်တော်ကျယ်ပါလား နဲ့  ဘ၀မေ့ကုန်တယ် နောက်ဆုံး အသားစား ကျား လက်ထဲရောက်ပါလေရော ကြောင် ခံတွင်း ပျက် ရှေ့ မှာ အပျံသင်စ ငှက်တွေ ဘ၀ ကံဆိုမိုးမှောင်ကျ တာပေါ့ ။
အာမခံချက် မရှိတဲ့  ပြည်ပ မှာ ကိုယ့်ကိုကိုယ် တန်းဖိုးမထားတတ်ရင် ဘယ်သူမှ မကူညီနိုင်ဘူးနော် ။
အချို့  အမျိုးသားတွေ ဆိုရင်နော် သူတို့ လုပ်ရပ် အတွက် တာဝန် မယူကြဘူး အဲ့လို ကြုံတဲ့  မိန်းကလေး တွေ အတွက် အရမ်းရင်နာဖို့  ကောင်းတယ် နှမ ချင်းစာနာ စိတ် ထားပေးတဲ့သူတွေက ရှားပါတယ်
ဒါကြောင့် သမီးပျိုလေးတွေ ကို ပြည်ပ မလွှတ်စေချင်ဘူး ရှင် ဖြစ်နိုင်ရင် တော့ ရှိတာလေးနဲ့  တင်းတိမ် စုတ်တာလေးနဲ့  လှအောင်နေတတ်ရင် လက်ရှိအလှ မပျက်လောက်ပါဘူး
အသက် ဆိုတာ တခါပဲ သေ ပေမယ့် ဘ၀ အခါခါ ပေးမသေပါနဲ့  လူဖြစ်ရှုံးလို့ ပါ ။
တိုးတက် နေတဲ့  ခေတ် ကြီးထဲ ပျက်စီးနေတဲ့  လူ တွေ အများကြီးပဲ အကျင့်စရိုက်တွေ ကလဲ တဖြည်းဖြည်းနဲ့  ချို့ ယွင်း လာကြပြီး သီလ ဆိုတာ ဘုန်းကြီးကျောင်း မှာ သွားယူ ရမလိုနဲ့  သမာဓိ ဆိုတာကလဲ ချိန်ခွင် တောင် အလေး မမှန်ချင်တော့ဘူး ဒါကြောင့် ကိုယ်ပိုင် အသိတရား သတိထားမှ ကိုယ်ကျင့် တရား ရှိလာမှာပါ ရှင်......။
ကျမ ဒီစာလေး ရေးရတာ တတ်လို့  တော့မဟုတ်ပါဘူး အိမ်မှာ ကျန်ခဲ့တဲ့  မိဘ တွေ မျှော်လင့်ခြင်း အိမ်မက်တွေ တနင့်  တပိုးထားပြီး ရပ်ဝေး ကို စိတ်ချမှု့  အပြည့်လွှတ်လိုက်တဲ့  သားသမီး တွေ အတွက်ပါ...............အချို့  မိဘတွေ ဆိုရင်လေ ရပ်ဝေး မြေမှာ သူတို့  သားသမီးတွေ ဘယ်လို ငွေရှာ ရသလဲ မမေးကြဘူး လကုန်ရက်ဆို
ဖုန်းတွေ တဂွမ်ဂွမ် နဲ့  ဘယ်နေ့  ငွေ ပို့ မလဲ
"ဟို လူက ဘာ ဖြစ်ခဲ့လို့  ငွေကုန်တယ်"
"ဒီ လူ က ဘာတွေ လုပ်လို့  ငွေလိုပါတယ်"
"နင် ပို့  တဲ့  ငွေက နည်းလိုက်တာ ဘာတွေ နင်လုပ်နေ လဲ ??????????"
မြင်ကြရဲ
့လား တွေ့ ကြရဲ့ လား သူများတိုင်ပြည်မှာ ဘယ်လို ငွေ ရဖို့  ဘယ်လို
ရုန်းကန် နေထိုင် နေရသလဲ ဆိုတာတွေ ပေါ့ ကျမ ပြောပြချင်တာက ငွေ
မျက်နှာပဲ မကြည့်ကြပါနဲ့  ရှင် ဖြစ်နိုင်ရင် သမီးပျို လေးတွေ ကို
အတတ်နိုင်ဆုံး ရင်အုပ်မကွာ ထားကြပါ ။
ငွေ
ဆိုတာ လူတိုင်း လိုအပ်ပေမယ် ငွေကြောင့် ငွေနောက်လိုက်ပြီး ဘ၀တွေ
စတေးလိုက် ရတဲ့  သူတွေ အများကြီးပါ ဖြစ်နိုင်ရင် မိဘ အုပ်ထိန်းသူ
မပါပဲ သားသမီးတွေ ကို မျက်စိကွယ်ရာ နားကွယ်ရာ မလွှတ် ကြပါနဲ့  လို့ 
ပြောပြချင်ပါတယ်ရှင်ကျမ ရေးတဲ့  စာ အမှားပါခဲ့ရင် အနူးညွတ့် တောင်းပန်ပါတယ် ရှင်။ မတတ် တစ်ခေါက် စာကိုရေးပြီး ကျမ အမြင် သိသလောက် ပြောပြခဲ့ခြင်း ဖြစ်ပါတယ်။ အများကြီး ဆက်ရေး ချင်ပေမယ့် စာရေး သူ ကျမ အတွေးခေါ်က မရင့်ကျက် သေးလို့  တတ်သမျှ တင်ပြရင် စာဖတ်သူများ ကိုယ်စိတ်ကျမ်းမာ လို့  ထာဝရ ပြုံးပျော်နိုင်ကြပါစေရှင်။
အားလုံးထဲက)))))))))))ညအက္ခရာ
2 comments:
စေတနာပါတဲ့ ပို့ကောင်းလေးပါပဲ
ဟုတ်ကဲ့ လာလည်ရင်းနဲ့ ကဗျာလေးတွေ
ခံစား အားပေးခဲ့ရင်း ပျော်ရွှင်စရာ နေ့လေးတွေ
အမြဲ ရရှိနိုင်ပါစေ ခင်တဲ့ မမဝါ >>>>>> ထက်ပိုင်
Post a Comment