အမေ
မိုးရာသီ ရောက်တော့မယ်
အိမ်အိုလေးထဲ
အမေ ဘယ်လိုနေမလဲ
မိုးရွာ ရင် ရေယိုတတ်တဲ့  အိမ်လေးထဲ
အမေ ငိုနေမလား
တွေးရင် စိတ်မကောင်းဘူး အမေ
ဘယ်လိုပဲ ဖြစ်ဖြစ် တတ်နိုင်သမျှ
ကြိုးစားပေးမယ် အမေ................
ဆောင်းရာသီ ထဲ
နောက်ဖေး ချောင်းထဲက
ရေငွေ့ တွေနဲ့ 
မြူနှင်း ပိတ်တဲ့ အချိန်ကလေး မှာ
အမေ တစ်ယောက်
ချမ်းနေမလား ကွယ်...........
အမေ တစ်ယောက်
ပုံမှန် စာသောက်ဖို့ လုံလောက်တဲ့ 
အဟာရ အစာတွေ ရှိရဲ့ လား
ဒီ သားသမီးတွေ က ပေးကမ်းမှ
အမေ စာသောက်ဖို့  ဖူးလှုံမှာလေ
သူတို့ တွေ ရော ပေးကမ်းရဲ့ လား
အားမငယ်ပါနဲ့  အမေ
ခြေလက်နှစ်ဖက် လှုပ်ရှား နိုင်သေးတယ်
အမေ့အတွက် ရုန်းကန်ပေးမယ်
အမေ............
အမေ့ အတွက်
ဘ၀ ဖောင်ကို ဖျက်ပြီး
ရုန်းထွက်ခဲ့သေးတာပဲ
ဘာဖြစ်ဖြစ် အမေ့ အတွက်ပဲ ဖြစ်စေရမယ်
စိတ်ဆိုးစဉ် ခဏ
ဖုန်းမဆက် တာ
အမေ မျှော်နေမလား
ခွင့်လွတ်ပါ အမေ
အားလုံးအတွက် ခဏ ရုန်းကန်နေလို့ ပါ
အမေ
အိမ်ကလေး အို လို့ 
အသစ်လေး လို ချင်တယ်
တဖွဖွ ပြောခဲ့တယ်
ဖြည့်ဆည်းပေးမယ်
အမေ.............
အိမ်ကို လွမ်းတိုင်း ငိုတယ်
အိမ်ပြေး တစ်ယောက် မဟုတ်တဲ့ 
အိမ်ဝေး တစ်ယောက်
အိမ်ပြန်ချင် စိတ် မြိုသိပ့်လို့ 
အားလုံးအတွက်
ဖြည့်ဆီး ပေးလိုတဲ့ စိတ်
ကိုယ့် အတွက် အနာဂတ် တောင်
ရေရေ ရာရာ မတွေး မိသူ တစ်ယောက်ပါ
အမေ............
0 comments:
Post a Comment