တည်ဆောက် ဖို့ အတွက်
နားလည်ခြင်းတွေ နဲ့  တဘောထားလဲ
ကြီး ရသေးတယ်
အပြောအဆို
ကပ်စေးကုတ်တဲ့ သူ့ အတွက်
အပြုအမူတွေကလဲ
အေးစက်လှတယ်
မချစ်ဘူးလား မေးရင် ချစ်တယ်
လက်တွဲဖြုတ် ချင်လားမေးတော့
နောက် မဆုတ်ဘူးတဲ့ 
အခြေနေ နဲ့  အချိန်ခါ မတိုင်ခင်
ဘာကိုမှ တွေးပူ မနေပါနဲ့  တဲ့
မိန်းမသား ဖြစ်တဲ့ ကျမ
အတွေးကကြွယ်
ဆိုးရိမ်းစိတ် တွေ ဝေခဲ့တာ သူ မသိလေစွ
လူတစ်ကာ အလည်
ပုပန်စိတ်ကလေးတွေ နဲ့ 
အချစ် နဲ့  ရန် စစ်ဖြစ်ခဲ့ရတာ သူ လဲသိတယ်
တစ်ဆယ့်ကိုး နှစ့်ဆယ်
အချစ်ကို စိန်ပြေးတမ်းကစားမယ့်
အရွယ် မဟုတ်လေတော့
ဘ၀ လက်တွဲဖို့ 
ကျမ တို့  အိမ်ထောင် ရေးကို
သချာင်္ လဲတွက် ရမယ်ကွယ်
နေစရာအိမ်လေး ထဲမှာ
ဒီမိသားစု အရိပ့် ရဖို့ အရေး
ကျမ နဲ့  သူ
ညီတူညီမျှ ရုန်းကန်ဖို့ အတွက်
တွေးပူမိတာ အပြစ်ရှိနေမလား
ညအက္ခရာ((((((((((((((((((((((((((((
0 comments:
Post a Comment