skip to main |
skip to sidebar
မောင်......ချစ်သူ ဘ၀မှာ
သ၀န်တို ပြီး စိတ်ကောက်
ကြည်နူးဖို့  ကောင်းတာ
မောင် များ မသိလေသလား
စလိုက် နောက်လိုက် စိတ်ဆိုး လိုက်နဲ့ 
ဒီ ဒဏ် တွေ ကို မခံနိုင်လို့ 
မောင် ကျောခိုင်းခဲ့တာလား
သိပ်ချစ်တာပဲ " မ "ရယ်.................လို့ 
မောင် ခဏ ခဏ ပြောခဲ့တာ
ပစ်ခွာ ဖို့ များ ဖြစ်ခဲ့တာလား
ချစ်ပြီးမှ နောက်မဆုတ်တမ်းလို့ 
မောင် ပြောခဲ့တာ
နောက်ဆုတ် တာမဟုတ်ပဲ
ရှိလက်စ အချစ်ကို ဆုတ်ဖြဲ ပြစ်ခဲ့တာပါ
နေတတ်ခဲ့ပါတယ်
ကျေနပ်စွာနဲ့ 
ကျမ စာမျက်နှာတွေ ကို ကျမ စာပြန်ဖတ်တဲ့အခါ
လက်မခံနိုင်တဲ့ အကြောင်းနဲ့ 
ကျမ အနား မောင် ရှိ မနေနိုင်တာ
လက်ခံမိပါတယ်
ပျော်ရွှင်ပါစေ မောင်
ထာဝရ သာယာခြင်းတွေ နဲ့ 
လာချင်း မကောင်းခဲ့တဲ့
ကျမ အတွက် အနာတွေကိုသာ
အဖော်ပြု ဒီကဗျာ လေးနဲ့ 
ဆုတောင်း ပေးပါတယ်
မောင် တစ်ယောက် အေးချမ်းပါစေ လို့ .................။
(ညအက္ခရာ ၏.....ချစ်တဲ့ သူငယ်ချင်းမလေး တစ်ယောက်ရဲ့  ရင်ဘတ်ဌားရမ်းခဲ့သည်)
Tuesday, 4 June 2013
ချစ်လျှက် ပါ မောင်
မောင်......ချစ်သူ ဘ၀မှာ
သ၀န်တို ပြီး စိတ်ကောက်
ကြည်နူးဖို့  ကောင်းတာ
မောင် များ မသိလေသလား
စလိုက် နောက်လိုက် စိတ်ဆိုး လိုက်နဲ့ 
ဒီ ဒဏ် တွေ ကို မခံနိုင်လို့ 
မောင် ကျောခိုင်းခဲ့တာလား
သိပ်ချစ်တာပဲ " မ "ရယ်.................လို့ 
မောင် ခဏ ခဏ ပြောခဲ့တာ
ပစ်ခွာ ဖို့ များ ဖြစ်ခဲ့တာလား
ချစ်ပြီးမှ နောက်မဆုတ်တမ်းလို့ 
မောင် ပြောခဲ့တာ
နောက်ဆုတ် တာမဟုတ်ပဲ
ရှိလက်စ အချစ်ကို ဆုတ်ဖြဲ ပြစ်ခဲ့တာပါ
နေတတ်ခဲ့ပါတယ်
ကျေနပ်စွာနဲ့ 
ကျမ စာမျက်နှာတွေ ကို ကျမ စာပြန်ဖတ်တဲ့အခါ
လက်မခံနိုင်တဲ့ အကြောင်းနဲ့ 
ကျမ အနား မောင် ရှိ မနေနိုင်တာ
လက်ခံမိပါတယ်
ပျော်ရွှင်ပါစေ မောင်
ထာဝရ သာယာခြင်းတွေ နဲ့ 
လာချင်း မကောင်းခဲ့တဲ့
ကျမ အတွက် အနာတွေကိုသာ
အဖော်ပြု ဒီကဗျာ လေးနဲ့ 
ဆုတောင်း ပေးပါတယ်
မောင် တစ်ယောက် အေးချမ်းပါစေ လို့ .................။
(ညအက္ခရာ ၏.....ချစ်တဲ့ သူငယ်ချင်းမလေး တစ်ယောက်ရဲ့  ရင်ဘတ်ဌားရမ်းခဲ့သည်)
no
အဝေးရောက်ချစ်သူ
အခုအချိန်မှာအလွမ်းတွေကို
ခါးသီးစွာထွေးဖက်ရင်း
မင်းကိုထာဝရချစ်နေမဲ့
အဝေးရောက်ချစ်သူပါကလေးရယ်....
!-end>!-local>
!-end>!-local>
!-end>!-local>
Labels
- ကဗျာ (211)
- ဆုတောင်း ကဗျာ (1)
- ရသ (3)
- အတွေး နဲ့  ရူးမိတဲ့  စာစု (1)
- အတွေးစု (3)
- အမေ အတွက် (1)
Followers
About Me
Powered by Blogger.
Popular Posts
-
နေ့ စွဲ မတပ်ဖြစ် တဲ့  ကြေကွဲသံတွေ.. ဒရွတ်တိုက်ဆွဲချ သွားတဲ့  နေ့  တွေထဲ နာကျည်း ခြင်းရဲ့  ပွတ်တိုက်သံက ငါ့ စိတ် ထဲ ခါးသက်လွန...
-
လူ တစ်ယောက် တန်ဖိုးဆိုတာ ကိုယ် ဖန်တီး တဲ့  အမူ အကျင့်ပေါ် မူတည်တယ် စကား ဆိုတာ ပါးစပ်ဟ လိုက်တိုင်း အသံထွက်တယ် ဆိုပေမယ့် လိုရ...
-
၆၆ မြှောက် မွန် အမျိုသားနေ့  ကို ဂုဏ်ပြု ကြိုဆိုလျှက် တွေ့ သမျှ မွန်ရိုးရာ ၀တ်စုံနဲ့  ပ...
-
အုပ်ချုပ်သူ မဲ့  စစ်ဆင်ရေး....... နှလုံးသား တမန်တော် တွေ အကြား ဗျူဟာမခင်းပဲ သိမ်းပိုက် ပစ်လိုက်တဲ့  ဒီ အချစ် အချစ်က ပျားရည် မဟုတ်...
-
"ပိုးဖလံ " မျိုး မီး ကိုတိုးတဲ့ ဟုတ်တယ်နော် အဲ့ဒီ စာ သား မမှားဘူး ........ ပြည်ပ ကို အရွယ်မရောက် တရောက် သားသမီး တွေကို ယ...
0 comments:
Post a Comment