အူကြောင်ကြောင် နဲ့ 
ဆား မပါတဲ့ ဟင်းခွက်ထဲ
ရေ ရောပြီး ဟင်းချို သောက်ရသလိုပဲ
နင် မရှိတဲ့  နေ့ ရက်တွေ ထဲ
ငါ............အတွေး တွေ
ေ၀၀ါး စေခဲ့တယ်
ပြန်ဆုံဖို့  အတွက်
ကြိုးစားနေတဲ့ 
ရက်စွဲတွေ ကို
တွေးကာငေးရင်..........
ငါ..........လေ
ချစ်သူကို သတိရ နေမိတယ်
အရင်လို
အချိန်မှန် ဆုံဖြစ်တဲ့  နေ့ ရက်တွေ ထက်
ကိုယ်တို့  ရှေ့ရေးအတွက်
ကြိုးစားရမယ် ကလေး ရယ်...တဲ့ 
ဟုတ်ကဲ့ ချစ်သူ....
ခုလေ တနင်္ဂနွေ ဆိုတဲ့
ချစ်သူ နဲ့  ဆုံမယ့်
နေ့ လေးကို တန်ဖိုးရှိစွာ
မျှော်တတ်လာခဲ့ပြီး ချစ်သူ
ညအက္ခရာ.......
No comments:
Post a Comment