Wednesday, 27 November 2013
အဖြူရောင်....စိတ်ကူး
ငယ်စဉ်ချိန်က အိမ်မက်တွေထဲ
ရွှေမင်းသမီးလို
စိန်ရောင် တောက်ပ မင်္ဂလာပွဲမှာ
ငါဟာ အပျှော်ရွှင်ဆုံး
သတို့ သမီး ဖြစ်ချင်မိတယ်
ခုချိန်မှာတော့
တို့ နှစ်ယောက်ရဲ့  လက်ထပ်ပွဲမှာ
ပကာသန .........
ဟအင်း..................မလိုဘူးနော်
သမရိုးကျ
ရိုးရိုး ထမီဝတ်ပြီး
ပရဟိတ မှာ လိုအပ်တဲ့  အလှုလေးက
တို့ နှစ်ယောက်ရဲ့  မင်္ဂလာအလှုပေါ့
ဂုဏ်တု ဂုဏ်ပြိုင် တွေ နဲ့ 
ရောင်စုံ စိန်ရွှေ ကြားမှာ
အပြုံးတု တပ်ပြီး
ဖော်လို လိုက်တဲ့  မျက်နှာဖုံး
အပြုံးတွေ နောက်က ကဲ့ရဲ့ သံတွေ မယူချင်တဲ့ 
ငါ့ စိတ်ဓာတ် ကို နင် အသိပါ
မရှိ ရှိတာကို သိုသိပ်
စိုစိုပြေပြေ အိမ်ထောင်ရေး တစ်ခုနဲ့ 
သာယာတဲ့  မိသားစုလေးထဲ
နွေးထွေတဲ့  နင့် အရိပ့်
တိုးဝင်ချင်လို့ 
မိုး စိုရင် ခိုနားရာ
နင့် ရင်ဘတ်လေး ကို
တစ်သက်စာ အတွက်
ခဏ ဌားရမ်း ပေးပါ
တော်ဝင် အခမ်းနားမှာ
မင်္ဂလာ ပွဲ မကျင်းပ ရပေမယ့်
အမျှော်မြင်တွေ များစွာနဲ့ 
နင် ဦးစီးတဲ့ 
အိမ်ဦးလှေငယ်လေးထဲ
စီးနင်း ခွင့်ပေး တဲ့  အတွက်
အရာရာ ကျေးဇူ့ ပါ......
ညအက္ခရာ..............

No comments:
Post a Comment