Tuesday, 3 December 2013
အလွမ်းစာစု
ဒို့  နှစ်ယောက်စိတ်ကူး
ထပ်တူကျဖို့ က ပထမ
ဘ၀ နှစ်ခု ရပ်တည်ကြဖို့ 
ကြိုးစားရမှာ က ဒုတိယ
အနေဝေး နေပါစေ
တမ်းတခြင်း တူညီရမှာ က တတိယ ပေါ့
စိတ်ကူးနဲ့  ပုံဖော်
ရုပ်လုံးပေါ်အောင် စဉ်းစားမိပြန်တော့
အပြုံးပွင့်တွေ ကြွေကျ
မှန်းစ ခြင်းနဲ့  ငါ ရူးသွပ်ခဲ့တာ
နင် အသိပါ
ယုန်ထင် ကြောင်ထင်
သ၀န်တို စိတ် နဲ့ 
အူတို ဖို့ ဆိုတာ
နင့် အပေါ် မြူတစ်မှုံ မတင်စေချင်တာ
ယုံကြည်မှု့  ထပ်တူ ကျလို့ ပါ ချစ်သူ
အဝေးဆုံး ရဲ့  တစ်နေရာမှာ
အဆိုးဝါးဆုံး အလွမ်းတွေ နဲ့ 
အိမ်ပြန်ချိန်ကို လက်ချိုးရေ ...တွက်
နင် ရှိရာ အရပ်ကို
ငါ...... ငေး နေဆဲပေါ့ ချစ်သူ
ဖုန်းလေး....ဆက်လို့ 
အလွမ်းဖြေတိုင်း
ပြန်ခဲ့ပါ တော့ " ကလေးရယ် " လို့ 
ခေါ်သံလေးကြာယောင်းမိတဲ့ အခိုက်
မျက်ရည်ဝဲ ခဲ့မိတာ
ငါ ကိုယ်တိုင်ပါပဲ ချစ်သူ
ဒီနေ့ အတွက် သတိရကြောင်း စာတွေ ရေးပြီး
ဒီည အိပ်စက်ဖို့ အတွက်
ငါ့ မျက်ရည်တွေ
တစ် ဖွဲဖွဲ ကျနေသေးတယ် ချစ်သူ
အရင် အချိန်လို ညတွေ ပြန်မြင်ယောင်ရင်း
အိပ်မရတဲ့  ညတွေက
ခြောက်လှန့်  နေတုန်းပဲ
နှစ်ကိုယ်တူ အနာဂတ် အတွက်
ငါ တို့  အလွမ်းနေ့ တွေ
ရက်ပေါင်းများစွာ စတေး ရင်း နဲ့ 
မနက်ဖြန် ဆိုတဲ့ နေ့ကို
မျှော်လင့်ရင်..........ငါ ပြန်ရောက်တဲ့ 
တစ်နေ့ ကြိုလင့် လို့  နေပါ ချစ်သူ
ညအက္ခရာ.....

No comments:
Post a Comment