မမြင်သာ တဲ့ ကြိုး တစ်စ
ဖက်တွယ်ထားမိသမျှ
တိုးတိတ်စွာကျတဲ့  သက်ပျင်းချသံ
ဘယ်သူကြား နိုင်မှာလည်း
အစိတ်စိတ်မွှာ ပျက်စီးခဲ့တဲ့ 
ရင်တွင်းခံစားချက်တွေ
တစ်စစီပြိုပျက်ခဲ့လို့ 
ငို ခဲ့ရတဲ့  နေ့ တွေ ထဲ
ဒီ အခန်းကျဉ်းလေးက
အဖော် အဖြစ် ငါ့အတွက်
ရပ်တည်ပေးခဲ့တယ်
မျှော်လင့်ခြင်း ဆိုတာ
ချိုချဉ်စားရသလို ပဲ
မပြီးပြင်တဲ့  အရသာ ကို
ဇိမ်ခံပြီးစားနေမိတယ်
မကျေနပ်တာတွေ
ယမ်း ထုပ် တစ်ထုပ် လို
ယုယုယယ ပိုက်ပြီး
ပေါက်ကွဲမှု့  မပြင်းထန် ခင်
နေရပ်က ထွက်ခွာလာသူ တစ်ယောက်အတွက်
ဘယ်အရာမှ စိတ်ထဲ
မယုယ ချင်တော့ဘူး
ညအက္ခရာ................
မကျေနပ်တာတွေ
ReplyDeleteယမ်း ထုပ် တစ်ထုပ် လို
ယုယုယယ ပိုက်ပြီး
ပေါက်ကွဲမှု့  မပြင်းထန် ခင်
နေရပ်က ထွက်ခွာလာသူ တစ်ယောက်အတွက်
ဘယ်အရာမှ စိတ်ထဲ
မယုယ ချင်တော့ဘူး
......................တခါတေ အဲလိုပဲတွေးမိတယ်