Sunday, 19 January 2014
အသဲကွဲ သူများ...............သို့ 
အုပ်ချုပ်သူ မဲ့  စစ်ဆင်ရေး.......
နှလုံးသား တမန်တော် တွေ အကြား
ဗျူဟာမခင်းပဲ
သိမ်းပိုက် ပစ်လိုက်တဲ့ 
ဒီ အချစ်
အချစ်က ပျားရည် မဟုတ်ပေမယ့်
အိမ်မက် ပမာ သူ လှည့်စားတယ်
ရင်မော တစ်ခါ
ကြည်နူးတစ်လှည့်
ရီ ဖို့ မလွယ်
အရှိုက် ခက် တာ အချစ်ဟု ဆိုသလား
အဆိပ့်တောက်ပြင်း
အချစ်နဲ့  ကင်းရာ
နယ်ပယ် ဟူ သမျှ
မရှိလေ သလား
အချိုထင်ပြီး မျို ချမိမှ
အခါးဖြစ်နေပြန်တော့
အမုန်း ဆိုတဲ့  မျက်လုံး
သူနိုင် ကိုယ်နိုင်
ယှဉ်ပြိုင်ကြတော့
ဟော့................သူ့ မျက်လုံးမှာ
မျက်ရည်စတွေ ခိုသီးကျနေပြန်ပေါ့
အရာရာ မမြဲ
နင့် ကိုယ် လည်း ငါ ပိုင်
ငါ နဲ့  မဆိုင် တဲ့  နင့် အတ္တ
ငါ နိုင် မယ်ထင်လို့ 
ထားခဲ့မိတဲ့  မာန ကြောင့်
နင် နဲ့  ငါ... လမ်းခွဲဖို့  ဖန်လာပြန်တော့
မနေ့ က ငါ ချစ်တယ် ထင်မိတဲ့ 
ငါ့ ချစ်သူရယ်..........................
..............................................................................ဂွဒ့်ဘိုင်
ညအက္ခရာ.....................

ကောင်းလိုက်တာဟယ် ခ်ခ်
ReplyDelete