တစ်ခါ တစ်ရံ
ဘယ်ကမှန်မသိ
ညဥ့်ငှက့်အော်သံ ကြားမိပြန်တော့
ဒီအချိန်ဆို သူလည်း လွမ်းနေမှာလား
မိုးသောက် အလင်းရောက်
နေခြည် တဖြောင့်ဖြောင့် နဲ့ 
အာရုံဦး အလင်း မြေပေါ်သက်ဆင်းပြန်ပေါ့ ချစ်သူ။
ဇဝေဇ၀ါနဲ့ ....ကိုင်မိတဲ့ ဖုန်း
ဆက်ကြည့် တဲ့ အခါ
ပြတ်တောက်နေတဲ့  လိုင်း နဲ့ 
ချစ်သူအသံ ဒီမနက်လည်း ဝေးရပြန်တော့
အားငယ်အလွမ်း
ငါ တမ်းတ မိပြန်တယ် ချစ်သူ။
ယခင် ....ယခင်
ဟိုအရင် ရက်တွေထဲ
ငါ ပြန်လို ချင်ပေမယ့်
ခိုင်မြဲလက်တွဲ
ဒီအခြေနေထက် ထပ်မဝေးဖို့ 
အခြေနေတွေကြောင့်
ခဏလေးပဲ ဝေးနေရတာပဲ
ငါ တွေး ငေး ရင်း........
ဖြေသာစိတ်ဝင်
သေခြာပါတယ်
ငါ အလွမ်းတွေ.....ရင်ထဲပြည့်နေပြန်ပြီး
ညအက္ခရာ...........
No comments:
Post a Comment