Saturday, 30 November 2013

မေ့ထားခဲ့သမျှ



မမြင်သာ  တဲ့ ကြိုး တစ်စ
ဖက်တွယ်ထားမိသမျှ
တိုးတိတ်စွာကျတဲ့   သက်ပျင်းချသံ
ဘယ်သူကြား နိုင်မှာလည်း

အစိတ်စိတ်မွှာ ပျက်စီးခဲ့တဲ့ 
ရင်တွင်းခံစားချက်တွေ
တစ်စစီပြိုပျက်ခဲ့လို့ 
ငို ခဲ့ရတဲ့   နေ့ တွေ  ထဲ
ဒီ  အခန်းကျဉ်းလေးက
အဖော် အဖြစ်  ငါ့အတွက်
ရပ်တည်ပေးခဲ့တယ်

မျှော်လင့်ခြင်း  ဆိုတာ
ချိုချဉ်စားရသလို ပဲ
မပြီးပြင်တဲ့   အရသာ ကို
ဇိမ်ခံပြီးစားနေမိတယ်


မကျေနပ်တာတွေ
ယမ်း   ထုပ် တစ်ထုပ် လို 
ယုယုယယ ပိုက်ပြီး
ပေါက်ကွဲမှု့   မပြင်းထန် ခင်
နေရပ်က  ထွက်ခွာလာသူ  တစ်ယောက်အတွက်
ဘယ်အရာမှ  စိတ်ထဲ 
မယုယ  ချင်တော့ဘူး



ညအက္ခရာ................

1 comment:

  1. မကျေနပ်တာတွေ
    ယမ်း ထုပ် တစ်ထုပ် လို
    ယုယုယယ ပိုက်ပြီး
    ပေါက်ကွဲမှု့  မပြင်းထန် ခင်
    နေရပ်က ထွက်ခွာလာသူ တစ်ယောက်အတွက်
    ဘယ်အရာမှ စိတ်ထဲ
    မယုယ ချင်တော့ဘူး
    ......................တခါတေ အဲလိုပဲတွေးမိတယ်

    ReplyDelete