မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Wednesday 29 January 2014

စိတ်၏ တန်ဖိုး



လူ တစ်ယောက် တန်ဖိုးဆိုတာ
ကိုယ် ဖန်တီး တဲ့  အမူ အကျင့်ပေါ် မူတည်တယ်
စကား ဆိုတာ ပါးစပ်ဟ လိုက်တိုင်း
အသံထွက်တယ် ဆိုပေမယ့်
လိုရာသုံးဖို့  ဦးနှောက် နဲ့  ဆက်နွှယ်နေတာ
ထမင်းစားပြီး စဉ်စားတတ်ရင်
လူ အထင်သေး ခြင်းမှ ကင်းမယ်

ပျိုခြင်း အိုခြင်း မှ မဟုတ်
အနေထိုင် အပြောဆို
လျှောက်ပတ်သင့်တော်စွာ
ပြောဆိုတတ်ရင်
ကိုယ့်စိတ်ဓာတ် ကိုယ် မြှင့်နေသလိုပါပဲ

လူ အမြင် အထင်သေး
အောက်ကျအောင် ဆွဲချတာ လည်း ကိုယ်တိုင်ပဲ
ကိုယ့် ဘ၀ တက်လမ်း ကိုယ် ကိုတိုင်ဖောက်
အနာဂတ် ကို ဈေးပေါပေါ နဲ့ 
ရောင်းချနေတာ လဲ ကိုယ်တိုင် ပဲ

စိတ်ဆိုတာ ကိုယ်က ဆွဲမှ
ကိုယ့်ဖက် ပါလာတာမို့ 
အနေ ဆင်းရဲပေမယ့်
စိတ်ဓာတ်ကလေး မဆင်းရဲ ရအောင်
ဖန်တီးယူရမှာ ကိုယ်တိုင်ပဲလေ

အွန်လိုင်း ဆိုတာ
စာဖတ်ရင်း ဗဟုသုတ ဖလှဲယုံ သက်သက်ပါ
မတိုးတက် တဲ့  အတွေးခေါ် နဲ့ 
စကားလုံးတွေ တိုက်ပွဲ ဆင်နွှဲဖို့ 
ဆက်သုံးနေရင်တော့................
တောက်ပြောင်မှု့  မရှိတဲ့ 
စိတ်ကူးတွေ.....သင့်ဘေးမှာ ဝေ့၀ဲ နေအုံးမှာပါ

{ စိတ်ကူးထည့်ရာ......စာစုများနဲ့ .............ညအက္ခရာ }

Thursday 23 January 2014

အမြဲတမ်းပဲ နီးနီးလေး နေချင်တယ်......ကိုကိုရ်


တစ်ခါ  တစ်ရံ
ဘယ်ကမှန်မသိ
ညဥ့်ငှက့်အော်သံ  ကြားမိပြန်တော့
ဒီအချိန်ဆို  သူလည်း   လွမ်းနေမှာလား

မိုးသောက် အလင်းရောက်
နေခြည်  တဖြောင့်ဖြောင့် နဲ့ 
အာရုံဦး အလင်း  မြေပေါ်သက်ဆင်းပြန်ပေါ့  ချစ်သူ။


ဇဝေဇ၀ါနဲ့ ....ကိုင်မိတဲ့ ဖုန်း
ဆက်ကြည့်   တဲ့ အခါ
ပြတ်တောက်နေတဲ့  လိုင်း နဲ့ 
ချစ်သူအသံ  ဒီမနက်လည်း ဝေးရပြန်တော့
အားငယ်အလွမ်း
ငါ  တမ်းတ မိပြန်တယ်  ချစ်သူ။


ယခင်  ....ယခင်
ဟိုအရင်  ရက်တွေထဲ
ငါ   ပြန်လို    ချင်ပေမယ့်
ခိုင်မြဲလက်တွဲ 
ဒီအခြေနေထက်   ထပ်မဝေးဖို့ 
အခြေနေတွေကြောင့်
ခဏလေးပဲ ဝေးနေရတာပဲ
ငါ     တွေး    ငေး   ရင်း........
ဖြေသာစိတ်ဝင်
သေခြာပါတယ်
ငါ  အလွမ်းတွေ.....ရင်ထဲပြည့်နေပြန်ပြီး



ညအက္ခရာ...........

Sunday 19 January 2014

အသဲကွဲ သူများ...............သို့ 




အုပ်ချုပ်သူ  မဲ့   စစ်ဆင်ရေး.......
နှလုံးသား  တမန်တော်  တွေ အကြား 
ဗျူဟာမခင်းပဲ
သိမ်းပိုက် ပစ်လိုက်တဲ့ 
ဒီ   အချစ်


အချစ်က  ပျားရည်  မဟုတ်ပေမယ့်
အိမ်မက် ပမာ   သူ လှည့်စားတယ်
ရင်မော  တစ်ခါ
ကြည်နူးတစ်လှည့်
ရီ  ဖို့ မလွယ်
အရှိုက်   ခက် တာ  အချစ်ဟု   ဆိုသလား

အဆိပ့်တောက်ပြင်း
အချစ်နဲ့   ကင်းရာ
နယ်ပယ်  ဟူ   သမျှ
မရှိလေ   သလား
အချိုထင်ပြီး မျို ချမိမှ
အခါးဖြစ်နေပြန်တော့
အမုန်း ဆိုတဲ့   မျက်လုံး
သူနိုင် ကိုယ်နိုင်
ယှဉ်ပြိုင်ကြတော့
ဟော့................သူ့ မျက်လုံးမှာ
မျက်ရည်စတွေ ခိုသီးကျနေပြန်ပေါ့


အရာရာ မမြဲ
နင့် ကိုယ်  လည်း  ငါ ပိုင်
ငါ   နဲ့  မဆိုင် တဲ့    နင့် အတ္တ
ငါ  နိုင် မယ်ထင်လို့ 
ထားခဲ့မိတဲ့  မာန  ကြောင့်
နင်  နဲ့   ငါ...  လမ်းခွဲဖို့  ဖန်လာပြန်တော့
မနေ့ က  ငါ  ချစ်တယ်  ထင်မိတဲ့ 
ငါ့  ချစ်သူရယ်..........................
..............................................................................ဂွဒ့်ဘိုင်

   

ညအက္ခရာ.....................

Thursday 16 January 2014

တွဲလက် မြဲဖို့  ဆွဲထားပေးပါ <<<<<<<<<<<>>>>>>>>>>




သံယောဇဉ် တွေ သိုလှောင်ထားတဲ့ 
ရင်အုံ တစ်ခြမ်းရဲ့ 
အခန်း ကျဉ်း ထဲမှာ
နင့် ကို.....ငါ အရမ်း လွမ်း နေ တာပေါ့ ချစ်သူ


စောင့်စည်း မှု့ တွေ နဲ့ 
နင် မြတ်နိုး သိပ် ချစ်မိတာ
ငါ...ပါပဲလို့  ပြောနေကျ စကားလေး
အမြဲကြားယောင်ချင်နေတာမို့ 
နင့် အသံလေး မကြားရတဲ့ 
ဒီလို ည မျိုးမှာ.........
ငါ...........အရမ်းလွမ်းမိတာပဲချစ်သူ


ငိုသံ ရောစွတ်.....သတိရမိလို့  ဆိုတဲ့ 
ငါ့ အပြောတွေကြား.....
ကိုကို လည်း ထပ်တူ လွမ်းနေတာပဲ ကလေး ရယ်လို့  နင့်စကား
ငါ...အရမ်းလွမ်းတာ နင်သိလား
နှစ်ကိုယ်တူ အရိပ့် ရဖို့  အရေး
အလွမ်း နင့်နင့် ကို ထုပ်ပိုး
ကိုကို ရေ ငါတို့ တွေ
အေးတူ ပူအမျှ နေ့ လေးတွေ ပိုင်ဆိုင်ဖို့ 
ဘ၀ အတွက်ကြိုးစားအုံမယ် ကွယ်



ညအက္ခရာ........

Tuesday 7 January 2014

မာန အပြုံးခါး



နေ့ စွဲ    မတပ်ဖြစ် တဲ့ 
ကြေကွဲသံတွေ..
ဒရွတ်တိုက်ဆွဲချ သွားတဲ့    နေ့  တွေထဲ
နာကျည်း   ခြင်းရဲ့  ပွတ်တိုက်သံက
ငါ့  စိတ် ထဲ ခါးသက်လွန်းလှတယ်

မနေ့  က   အတိုင်းပဲ
စိတ်ရိုင်းတွေ  မောက်မာ နေဆဲပေါ့
ကြောက်တတ် တဲ့    စိတ်
ရင်ဘတ်ထဲ  မထည့်မိခဲ့ တာ
မနက်ဖြန်  ဆိုတဲ့   နေ့  တွေဟာ
ငါ့ အတွက်....လက်ကျန်   ရှင်းတမ်း
ဝိုင်...နီနီ  တစ်ခွက် လောက်  တောင်.....
အရသာ ပုံ မမှန်ခဲ့တာ
နင်.......ပေးခဲ့တဲ့    ဒဏ်ရာတွေ ကြောင့်ပဲ ထင်တယ်

မာန.......နဲ့ 
တည်ဆောက်  မိတဲ့ 
အမုန်း  မြို့ တော်  ထဲ
သံယောဇဉ်  နည်းသူတွေ
ဝင်မလာစေ ဖို့  ခိုင်ခိုင် ခန့် ခန့်  နဲ့ 
ကာရံ  မိတဲ့    တံတိုင်းကြီး က.......ခပ်မဲ့မဲ့ 
ငါ့ အပြုံး  တစ်ပွင့်   နဲ့ ပေါ့...။




ညအက္ခရာ...........