မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Wednesday 29 January 2014

စိတ်၏ တန်ဖိုး



လူ တစ်ယောက် တန်ဖိုးဆိုတာ
ကိုယ် ဖန်တီး တဲ့  အမူ အကျင့်ပေါ် မူတည်တယ်
စကား ဆိုတာ ပါးစပ်ဟ လိုက်တိုင်း
အသံထွက်တယ် ဆိုပေမယ့်
လိုရာသုံးဖို့  ဦးနှောက် နဲ့  ဆက်နွှယ်နေတာ
ထမင်းစားပြီး စဉ်စားတတ်ရင်
လူ အထင်သေး ခြင်းမှ ကင်းမယ်

ပျိုခြင်း အိုခြင်း မှ မဟုတ်
အနေထိုင် အပြောဆို
လျှောက်ပတ်သင့်တော်စွာ
ပြောဆိုတတ်ရင်
ကိုယ့်စိတ်ဓာတ် ကိုယ် မြှင့်နေသလိုပါပဲ

လူ အမြင် အထင်သေး
အောက်ကျအောင် ဆွဲချတာ လည်း ကိုယ်တိုင်ပဲ
ကိုယ့် ဘ၀ တက်လမ်း ကိုယ် ကိုတိုင်ဖောက်
အနာဂတ် ကို ဈေးပေါပေါ နဲ့ 
ရောင်းချနေတာ လဲ ကိုယ်တိုင် ပဲ

စိတ်ဆိုတာ ကိုယ်က ဆွဲမှ
ကိုယ့်ဖက် ပါလာတာမို့ 
အနေ ဆင်းရဲပေမယ့်
စိတ်ဓာတ်ကလေး မဆင်းရဲ ရအောင်
ဖန်တီးယူရမှာ ကိုယ်တိုင်ပဲလေ

အွန်လိုင်း ဆိုတာ
စာဖတ်ရင်း ဗဟုသုတ ဖလှဲယုံ သက်သက်ပါ
မတိုးတက် တဲ့  အတွေးခေါ် နဲ့ 
စကားလုံးတွေ တိုက်ပွဲ ဆင်နွှဲဖို့ 
ဆက်သုံးနေရင်တော့................
တောက်ပြောင်မှု့  မရှိတဲ့ 
စိတ်ကူးတွေ.....သင့်ဘေးမှာ ဝေ့၀ဲ နေအုံးမှာပါ

{ စိတ်ကူးထည့်ရာ......စာစုများနဲ့ .............ညအက္ခရာ }

Thursday 23 January 2014

အမြဲတမ်းပဲ နီးနီးလေး နေချင်တယ်......ကိုကိုရ်


တစ်ခါ  တစ်ရံ
ဘယ်ကမှန်မသိ
ညဥ့်ငှက့်အော်သံ  ကြားမိပြန်တော့
ဒီအချိန်ဆို  သူလည်း   လွမ်းနေမှာလား

မိုးသောက် အလင်းရောက်
နေခြည်  တဖြောင့်ဖြောင့် နဲ့ 
အာရုံဦး အလင်း  မြေပေါ်သက်ဆင်းပြန်ပေါ့  ချစ်သူ။


ဇဝေဇ၀ါနဲ့ ....ကိုင်မိတဲ့ ဖုန်း
ဆက်ကြည့်   တဲ့ အခါ
ပြတ်တောက်နေတဲ့  လိုင်း နဲ့ 
ချစ်သူအသံ  ဒီမနက်လည်း ဝေးရပြန်တော့
အားငယ်အလွမ်း
ငါ  တမ်းတ မိပြန်တယ်  ချစ်သူ။


ယခင်  ....ယခင်
ဟိုအရင်  ရက်တွေထဲ
ငါ   ပြန်လို    ချင်ပေမယ့်
ခိုင်မြဲလက်တွဲ 
ဒီအခြေနေထက်   ထပ်မဝေးဖို့ 
အခြေနေတွေကြောင့်
ခဏလေးပဲ ဝေးနေရတာပဲ
ငါ     တွေး    ငေး   ရင်း........
ဖြေသာစိတ်ဝင်
သေခြာပါတယ်
ငါ  အလွမ်းတွေ.....ရင်ထဲပြည့်နေပြန်ပြီး



ညအက္ခရာ...........

Sunday 19 January 2014

အသဲကွဲ သူများ...............သို့ 




အုပ်ချုပ်သူ  မဲ့   စစ်ဆင်ရေး.......
နှလုံးသား  တမန်တော်  တွေ အကြား 
ဗျူဟာမခင်းပဲ
သိမ်းပိုက် ပစ်လိုက်တဲ့ 
ဒီ   အချစ်


အချစ်က  ပျားရည်  မဟုတ်ပေမယ့်
အိမ်မက် ပမာ   သူ လှည့်စားတယ်
ရင်မော  တစ်ခါ
ကြည်နူးတစ်လှည့်
ရီ  ဖို့ မလွယ်
အရှိုက်   ခက် တာ  အချစ်ဟု   ဆိုသလား

အဆိပ့်တောက်ပြင်း
အချစ်နဲ့   ကင်းရာ
နယ်ပယ်  ဟူ   သမျှ
မရှိလေ   သလား
အချိုထင်ပြီး မျို ချမိမှ
အခါးဖြစ်နေပြန်တော့
အမုန်း ဆိုတဲ့   မျက်လုံး
သူနိုင် ကိုယ်နိုင်
ယှဉ်ပြိုင်ကြတော့
ဟော့................သူ့ မျက်လုံးမှာ
မျက်ရည်စတွေ ခိုသီးကျနေပြန်ပေါ့


အရာရာ မမြဲ
နင့် ကိုယ်  လည်း  ငါ ပိုင်
ငါ   နဲ့  မဆိုင် တဲ့    နင့် အတ္တ
ငါ  နိုင် မယ်ထင်လို့ 
ထားခဲ့မိတဲ့  မာန  ကြောင့်
နင်  နဲ့   ငါ...  လမ်းခွဲဖို့  ဖန်လာပြန်တော့
မနေ့ က  ငါ  ချစ်တယ်  ထင်မိတဲ့ 
ငါ့  ချစ်သူရယ်..........................
..............................................................................ဂွဒ့်ဘိုင်

   

ညအက္ခရာ.....................

Thursday 16 January 2014

တွဲလက် မြဲဖို့  ဆွဲထားပေးပါ <<<<<<<<<<<>>>>>>>>>>




သံယောဇဉ် တွေ သိုလှောင်ထားတဲ့ 
ရင်အုံ တစ်ခြမ်းရဲ့ 
အခန်း ကျဉ်း ထဲမှာ
နင့် ကို.....ငါ အရမ်း လွမ်း နေ တာပေါ့ ချစ်သူ


စောင့်စည်း မှု့ တွေ နဲ့ 
နင် မြတ်နိုး သိပ် ချစ်မိတာ
ငါ...ပါပဲလို့  ပြောနေကျ စကားလေး
အမြဲကြားယောင်ချင်နေတာမို့ 
နင့် အသံလေး မကြားရတဲ့ 
ဒီလို ည မျိုးမှာ.........
ငါ...........အရမ်းလွမ်းမိတာပဲချစ်သူ


ငိုသံ ရောစွတ်.....သတိရမိလို့  ဆိုတဲ့ 
ငါ့ အပြောတွေကြား.....
ကိုကို လည်း ထပ်တူ လွမ်းနေတာပဲ ကလေး ရယ်လို့  နင့်စကား
ငါ...အရမ်းလွမ်းတာ နင်သိလား
နှစ်ကိုယ်တူ အရိပ့် ရဖို့  အရေး
အလွမ်း နင့်နင့် ကို ထုပ်ပိုး
ကိုကို ရေ ငါတို့ တွေ
အေးတူ ပူအမျှ နေ့ လေးတွေ ပိုင်ဆိုင်ဖို့ 
ဘ၀ အတွက်ကြိုးစားအုံမယ် ကွယ်



ညအက္ခရာ........

Tuesday 7 January 2014

မာန အပြုံးခါး



နေ့ စွဲ    မတပ်ဖြစ် တဲ့ 
ကြေကွဲသံတွေ..
ဒရွတ်တိုက်ဆွဲချ သွားတဲ့    နေ့  တွေထဲ
နာကျည်း   ခြင်းရဲ့  ပွတ်တိုက်သံက
ငါ့  စိတ် ထဲ ခါးသက်လွန်းလှတယ်

မနေ့  က   အတိုင်းပဲ
စိတ်ရိုင်းတွေ  မောက်မာ နေဆဲပေါ့
ကြောက်တတ် တဲ့    စိတ်
ရင်ဘတ်ထဲ  မထည့်မိခဲ့ တာ
မနက်ဖြန်  ဆိုတဲ့   နေ့  တွေဟာ
ငါ့ အတွက်....လက်ကျန်   ရှင်းတမ်း
ဝိုင်...နီနီ  တစ်ခွက် လောက်  တောင်.....
အရသာ ပုံ မမှန်ခဲ့တာ
နင်.......ပေးခဲ့တဲ့    ဒဏ်ရာတွေ ကြောင့်ပဲ ထင်တယ်

မာန.......နဲ့ 
တည်ဆောက်  မိတဲ့ 
အမုန်း  မြို့ တော်  ထဲ
သံယောဇဉ်  နည်းသူတွေ
ဝင်မလာစေ ဖို့  ခိုင်ခိုင် ခန့် ခန့်  နဲ့ 
ကာရံ  မိတဲ့    တံတိုင်းကြီး က.......ခပ်မဲ့မဲ့ 
ငါ့ အပြုံး  တစ်ပွင့်   နဲ့ ပေါ့...။




ညအက္ခရာ...........

Saturday 21 December 2013

မပိုင်ဆိုင်မှန် သိပေမယ့်


သံယောဇဉ် မြစ့်ထဲ
အတူတူ ခုန်ဆင်းတုန်း က
နင့်  အပြုံး ငါ့ အပြုံးတွေက
လောကကြီးမှာ အချို   ဆုံးပေါ့

ကူးရင်း မြူးရင်း နဲ့ 
ရေစီးကြမ်း တဲ့  လောကဓံ လှိုင်းပုတ်တော့
အမုန်း မပါ တဲ့  ၀ဲဂယက် ထဲ
နင် နဲ့  ငါ စုန်းစုန်း မြုတ် ခဲ့ပြန်တယ်

ကူသူမဲ့ ...ဆယ်သူဝေးလို့ 
အချိန် အတော်ကြာ....
အနာဂတ်ထဲ
သူ လွတ်မြောက်ရာလမ်း သူရွေးပြီး
ငါ့ အသက်ရှင်ရာ လမ်းကို
ငါ ကိုတိုင်းလည်း ဖောက် ခဲ့ရတယ်

ပြန်ဆုံမယ်လို့  ထင်ခဲ့တယ်
ကြုံဆုံ မယ့် တစ်နေ့ 
ထပ်မဝေးဘူးလို့ လည်း တွေးခဲ့ပါသေးတယ်
ခုတော့ အရင်လို မဟုတ်တဲ့ 
နေ့ သစ်တွေ ထဲ
တို့  တွေ အပြီးပိုင် ဝေးခဲ့ရပြန် ပြီလေ

အမုန်းကြောင့် မဟုတ်ဘူး
ချစ်နေဆဲမို့  လည်း
အပြစ်ရယ် မမြင် မိလို့ 
အဝေး တစ်နေရာမှ
မလာမှန် သိတဲ့  အချစ်ဦးကို....
ငယ်ချစ် အစစ်မို့ 
ရင်နင့်အောင်..........လွမ်းနေအုံးမယ်.............မောင်





သူများခံစားချက်ကို ခဏ ဌား ရင်ဘတ်ထဲ ထည့်ပီ လွမ်းရပါကြောင်း.............



ညအက္ခရာ ....

Monday 16 December 2013

အချစ်ဆုံး ချစ်သူ ...သို့ 



တစ်ယောက်ထဲ  ပဲလေ
အမြဲတမ်းပေါ့
ခု ဒီစာ.......နဲ့  
ဒီကဗျာ  တွေ ရေး   နေတုန်း
ငါ့  မျက်ရည်တွေ  အတားစီးမဲ့ 
ကျကျလာတယ်

ငါ လွမ်း  နေတာလား
ငါ  အရမ်း သတိရနေတာလား
ဒါ   မှ မဟုတ်
တစ်ခုခု ကို  ငါ    တွေးကြောက်နေတာ လား
ဝေခွဲမရခဲ့တာ
နင့် ကို  အချစ်ကြီး တဲ့  အချစ်  ကြောင့်ဖြစ်မယ်


ငါ  နင့် အပေါ်  ဘယ်သောအခါမှ
သ၀န်မတို  ခဲ့ သလို
အူတိုစိတ် နဲ့  ဘယ်အရာမှ
မချုပ်ချယ်ခဲ့ဘူး...
လွပ်လပ်စွာ နေထိုင်ခွင့်ရှိသလို
တစ်ခါ   တစ်ခါ 
နင့်   အပေါ်  စိုးရိမ်း  စိတ်လေး  ထားခဲ့မိတာ
အရမ်းချစ်ခဲ့ မိလို့ 

ငါ  ဆိုတဲ့  သူက
ဘယ်သူ့ အပေါ်မှ   မတွယ်တာ တတ်ခဲ့ဘူး
ရေလိုက် ငါးလိုက် နဲ့ 
အလိုက်သိ  နေခဲ့တာ
နင်    နဲ့ တွေ့ မှ
သံယောဇဉ်  ဆိုတာကို
စာဖွဲ့  တတ်  လာခဲ့တယ်

ငါ့ ဘ၀ထဲ   ဘယ်သူ့ ကိုမှ 
ဝင်ခွင့် မပေး ဘူးလို့ 
တွေးထားခဲ့ပေမယ့်
နင့်   ကို စချစ်မိ တဲ့  အချိန် က  စလို့ 
အရာရာ ပြောင်းလဲပြစ့်ခဲ့မိတာ
နင့်   အပေါ်   ငါ  သိုထားမတတ် ချစ်ခဲ့လိုပေါ့....ချစ်သူ

ငါ သိပ်ချစ် တဲ့   နင့်ကို
ငါ့ အတွက်   နဲ့   စိတ်ညစ်မှာလည်း စိုးတယ်
ကျန်ရှိသေးတဲ့   အနာဂတ်ထဲမှာ
နင့်  လက်ကို တွဲပြီး
ငါ.....ဘ၀ တစ်ခုလုံး   ရဲ့ 
နေ့သစ် တွေ ရှင်သန် နေချင်တယ်
ခံစားချက် စကားလုံးပေါင်း များစွာထဲ
အချို့  တစ်စိတ် နေရာလေး ကို
ကဗျာ လုပ်ရေးခဲ့မိတာ
ဒါတွေ ဟာ  နင့် အပေါ် အ၇မ်းချစ်မိတဲ့ 
ငါ့ ရဲ့    ခံစားချက်တွေပါ  ချစ်သူ.......။





                      ညအက္ခရာ.................

Tuesday 10 December 2013

အဝေးဆုံး .....သို့ 



သံယောဇဉ်    အမှန်ကို
ရှိစဉ်တုန်း က 
တန်ဖိုးထားဖို့   မသိပဲ
ဝေးသွားမှ.......ပြန်လာပါလို့    
တောင်းဆိုတဲ့  နင့်...........အနား
ငါ    သေ  သွားတာတောင်  ပြန်မလာဘူး

လူတစ်ယောက် ရဲ့ 
စိတ်  ကို  ဆိုးအောင်ပဲ   စနောက် ပါ
စိတ် နာကျည်းအောင်  မလုပ်မိစေနဲ့ 
နင်  ကိုယ်တိုင်  ရှို့ တဲ့   မီး
နင်  တစ်ကိုယ်လုံးပြာကျစေအောင်
နင်  ကိုယ်တိုင် မီးမြှိုက်ခဲ့တာပဲ
ကြေပျက်သွားတဲ့   အရာရာ အတွက်
တရားခံ  ငါ  ပါလို့ 
လက်ညှိုး  လာ မထိုးနဲ့ 

မိန်းမရိုင်း     မဟုတ်တဲ့   ငါ  စိတ်ဓာတ်ကို
စိတ်ရိုင်း  သွင်းပြီး  နတ်  စီးအောင်
နင် ကိုယ်တိုင်း.........နတ်ဆိုး ပင့်ခဲ့တာ
ရင့်ကျက်မှု့ တွေ  ရတဲ့ အမျှ
နင်  နဲ့   ဝေးရာ  ပြေးထွက်မိတာ
နင်  ကိုယ်တိုင်    သင်ခဲ့ပေးတဲ့ 
သင်ခန်း  စာတွေပေါ့

နင်  နဲ့   ပတ်သက်လို့ 
ရက်စွဲ မတပ်  မိတဲ့ 
ပြက္ခဒိန် တွေကို
ပြန်ပြီး လှန်လှော   ကြည့်ချင်ပေမယ့်
နင့်   အတွက် နဲ့   ငါ့  မျက်ရည်တွေ
ထပ်မကျ  ချင်တော့လို့ 
တောင်းပန်ပါတယ်  အရာရာ အတွက်  ဆောရီး         ပါ..............



ညအက္ခရာ...............

Monday 9 December 2013

စာနာစိတ် နဲ့  ဖေးကူကြပါ

အမိ မရှိခဲ့ တာလား
အဖမဲ့ ခဲ့လို့ လား သမီးရယ်.....
အဆိုးဝါးဆုံး လောကဓံ ထဲ
သမီး ဘယ်အရွယ် ထဲက
ဒုက္ခ ကို ရင်ဆိုင် ခဲ့တာလဲ

ချမ်းအေးလှ တဲ့  ဆောင်းည ဒဏ်ကိုရော အံတုဖို့ 
သမီး မှာ ခြုံစရာ စောင် နဲ့  အကျီအထူထဲ
ပေးကမ်း ကြမယ့်သူ ရှိပါရဲ့ လား သမီးငယ်


မြင်ကွင်းမလှ တဲ့  သမီးနောက်က
မီးတောက်မီးလျှံ တွေ က
သမီး ဘ၀ လောင်မြိုက်နေတာကို များ ပြနေသလား သမီးငယ်
နေစရာ အိမ် လေးနဲ့ 
မိုးစိုရင် ခိုလှုံရာ အိမ်လေးရော
သမီးအတွက် ဘယ်သူမှ တာဝန်ယူခဲ့ ကြသလဲ

ဆုတောင်း မှား လို့  ဒီဘ၀ ဒီမျှနဲ့  ပဲ
ရပ် ပါစေ သမီးငယ်
သမီး တို့  အနာဂတ်လေး.......တောက်ပဖို့ အရေး
တွေးရင် ရင်မောမိတယ်


ထမင်းစားနေတဲ့အခိုက်
ဒီ သမီးတွေ မြင်လိုက်ရတဲ့  ခဏ
ရင်ထဲ ဆို့ တက်လာတဲ့ 
ဝမ်းနည်းစိတ် နဲ့  အတူ
ငိုမိတဲ့  မျက်ရည်စက်တွေက
တားစည်းမရခဲ့ဘူး
စာနာ ဖေးကူ ကြတဲ့ 
လူ အများ နဲ့  ကြုံကြိုက်လာဖို့ 
ဆုတောင်းပေးရင် မိဘမဲ့  ကလေးများ ထာဝရ ဘေးရန်ကင်းလို့ 
ကူညီစောင့်မ သူ များ ရှိကြပါစေ.......။


ဆင်းရဲ ချမ်းသာ ကလေးမြင်တိုင်း ချစ်တတ် တဲ့  ကျမကဲ့သို့  သူငယ်ချင်းများ.......မိဘမရှိ ခိုကိုးရာမဲ့  လမ်းဘေးကလေး တွေက စာနာစိတ်နဲ့  တတ်နိုင်သလောက် အလှုဒါန လေးများ နဲ့  ကိုယ်မလို ချင်လို့  ဟောင်းနွှမ်း အ၀တ်စား များ ကို စွန့် ပစ်မယ့်အစား ချမ်းအေးလှတဲ့  ဆောင်းဒဏ်ကို အံတုဖို့  သူတို့ လေး တွေကို ပေးကမ်းရင် ကူညီပေးကြပါနော်.........




ကလေးများကို ချစ်တဲ့ ..................ညအက္ခရာ