မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Wednesday 29 January 2014

စိတ်၏ တန်ဖိုး



လူ တစ်ယောက် တန်ဖိုးဆိုတာ
ကိုယ် ဖန်တီး တဲ့  အမူ အကျင့်ပေါ် မူတည်တယ်
စကား ဆိုတာ ပါးစပ်ဟ လိုက်တိုင်း
အသံထွက်တယ် ဆိုပေမယ့်
လိုရာသုံးဖို့  ဦးနှောက် နဲ့  ဆက်နွှယ်နေတာ
ထမင်းစားပြီး စဉ်စားတတ်ရင်
လူ အထင်သေး ခြင်းမှ ကင်းမယ်

ပျိုခြင်း အိုခြင်း မှ မဟုတ်
အနေထိုင် အပြောဆို
လျှောက်ပတ်သင့်တော်စွာ
ပြောဆိုတတ်ရင်
ကိုယ့်စိတ်ဓာတ် ကိုယ် မြှင့်နေသလိုပါပဲ

လူ အမြင် အထင်သေး
အောက်ကျအောင် ဆွဲချတာ လည်း ကိုယ်တိုင်ပဲ
ကိုယ့် ဘ၀ တက်လမ်း ကိုယ် ကိုတိုင်ဖောက်
အနာဂတ် ကို ဈေးပေါပေါ နဲ့ 
ရောင်းချနေတာ လဲ ကိုယ်တိုင် ပဲ

စိတ်ဆိုတာ ကိုယ်က ဆွဲမှ
ကိုယ့်ဖက် ပါလာတာမို့ 
အနေ ဆင်းရဲပေမယ့်
စိတ်ဓာတ်ကလေး မဆင်းရဲ ရအောင်
ဖန်တီးယူရမှာ ကိုယ်တိုင်ပဲလေ

အွန်လိုင်း ဆိုတာ
စာဖတ်ရင်း ဗဟုသုတ ဖလှဲယုံ သက်သက်ပါ
မတိုးတက် တဲ့  အတွေးခေါ် နဲ့ 
စကားလုံးတွေ တိုက်ပွဲ ဆင်နွှဲဖို့ 
ဆက်သုံးနေရင်တော့................
တောက်ပြောင်မှု့  မရှိတဲ့ 
စိတ်ကူးတွေ.....သင့်ဘေးမှာ ဝေ့၀ဲ နေအုံးမှာပါ

{ စိတ်ကူးထည့်ရာ......စာစုများနဲ့ .............ညအက္ခရာ }

1 comments:

Peter parker said...

Connectivity errors are quite annoying and to deal with such errors, you must have in-depth knowledge about the technical part. Well, you don’t have to be panic as the team of skilled professionals is always there to assist you. You can always call on Binance support phone number which is functional and the team is ready to assist you. You can have conversation with the team anytime to get verified solutions which are easy to execute and the team is there to support you. Talk to the team for fruitful results in no time.

Post a Comment