ဒီမြေမှာ မွေးလို့ 
ဒီရေ သောက်ပြီး ကြီးခဲ့တယ်
ဒီ ဒေသ လေးက နွေးထွေးတယ်
အမေ လဲ ရှိတယ် အဖေ လဲ ရှိတယ်
မိသားစုတွေ စုဝေးနေထိုင် တဲ့ 
ဒီ နေရာလေး ကို
ကျမ တစ်နေ့  ပြန်ခဲ့မယ်
အမေ လဲ မျှော်နေသလို
အဖေ ကလဲ ပြန်စေချင်တယ်
ဘာပဲ ဖြစ်ဖြစ် မိသားစုတွေ စုဝေးနေတာ အကောင်းဆုံးလို့ 
ပြောကြပေမယ့်
မပြည့်စုံသေး တဲ့  ဘ၀ မို့  အဝေးကပဲ
ခဏ လွမ်းနေအုံးမယ်
ကလေး အရွယ်က ပျော်ရွှင်မြူး
ကူးလူး ဆော့ကစား ခဲ့တဲ့ 
အစဆုံး မရှိတဲ့  မြစ်မင်းသံလွင်
မိုးဦးကာလ
ဝါးခမောက် အစုတ်ကို ဆောင်း
ပလိုင်း ကိုလွယ် လယ်ကွင်းထဲ ခရုကောင်းဆင်းလို့ 
သူငယ်ချင်း များရဲ့  မြူးကြွတဲ့ ဟန်
မိုးရွာလို့  မိုးချိုန်းသံကြားရင်
ကြောက်စိတ် ၀င်တတ် တဲ့  ကျမ သူငယ်ချင်းတွေကြား
တိုးဝှေ့  နေတဲ့  ကျမ အကြောင်း
ပြန်တွေးမိရင် ရှက်စနိုး ကြည်းနူးမိ တယ်
သတိရ ခဲ့ပါတယ် မွေးရပ်မြေရယ်
ဖုန်ထူထူ နေပူပူထဲ အပူပင်ကင်းမဲ့ 
ငယ် က ဘ၀ ပြန်လိုချင်ပေမယ့်
အချိန်က ဟောင်းလို့ 
အသစ်ပြန်မဖြစ်ခဲ့တဲ့  ဘ၀ ကို ငေး
ဟိုး............................ဝေးဝေး က ကျမ
သတိရ မှု့  ကို မြိုသိပ့်
အလွမ်း ရဲ့  အရိပ်ကို ခို
ကျမ ကြီးပြင်း ခဲ့တဲ့  ဒေသ နဲ့  တောင်တန်းစိုစို
ဘယ်လိုပင် ကြည့်ကြည့် မရိုးနိုင်တဲ့ 
ဇွဲကပင်တောင် ရိုးမ အလှ နဲ့  အမေ ရှိတဲ့  နေရာ လေးကို
ကျမ လွမ်းမိတယ်
ညအက္ခရာ((((((((((((((((