ကြက်မ ဘဲဥ အသားဖောက်သလို
ငါ တို့ ကို ရင်အုပ်မကွာ ရှောက်စောင့် ခဲ့တဲ့ 
ငါ တို့ အဖိုး
သွေးမတော် သားမစပ့် မိခင် သဖွယ် ဖခင်တမျိုး
မရိုးတဲ့  အချစ်နဲ့  ဆိုဆုံးမ ခဲ့တာ
ငါ တို့  အဖိုး
ချော့မြူ အော်ငေါက့် လမ်းမှား မရောက်အောင် သွန်သင်ပေးတဲ့ 
ငါ တို့  ချစ်တဲ့  အဖိုး
ရှိရင်းစွဲ လက်ရှိ သွေးသား တွေထက် ပိုချစ်ပေးခဲ့သလို
လူတစ်ကာ အလယ် မျက်နှာမငယ်စေရ
အမိ ဝေးကွာ အဖ မြေခြား နေခဲ့ပေမယ့်
အဖိုးလောက် ဘယ်သူ့  ကိုမှ ငါ တို့  မချစ်ခဲ့ဘူး
ဒီအရွယ်ရောက်အောင် နေမလောင် ကျောမပူမခံရလေအောင်
ချစ်တဲ့  အဖိုး ကာကွယ်ပေးခဲ့တယ်
ခိုးနာစရာ အိမ်းလေ အဖိုးဆောက်ပေးခဲ့တဲ့ 
အဖိုး အကြင်နာ ဘယ်ကပြန်ရှာရမလဲ
ဘယ်သူ ဘယ်လို ထင်ထင် အဖေ နည်း အမေ ကို မများတဲ့ 
အချစ်ကို ချစ်ခဲ့ပေမယ့်
အဖိုး ကိုချစ်တဲ့  အချစ်က ငါ့အတွက် ဘယ်တော့မှမမေ့ခဲ့ဘူး
အမိ အဖ မမေ့ကောင်းပေမယ့်
အဖိုး ရပ်တည်ပေးလို့  ငါ တို့ ဘ၀ လူလုံးလှခဲ့တာ
စိတ်ထဲ အားငယ် တဲ့အခါ အဖိုး ကိုတမ်းတလိုက်တိုင်
အားအင်းတစ်ချို့ နဲ့  ဘ၀ ရှေ့ ဆက်ဖို့  ခွန်းအားတိုးခဲ့တယ်
မျက်ရည်ကျတာ မကြိုက်ခဲ့တဲ့  အဖိုးက
အမိဖ အနားမရှိတဲ့  ငါတို့ အတွက့် မျက်ရည်ခိုးကျခဲ့တယ်
နောက်ဆုံး ဘ၀ ချို့ ချို့  တဲ့တဲ့  နဲ့ 
ဘယ်သူမှ အနားမရှိ ဒီမြေး သုံးယောက်နဲ့ 
မာန်ကို တင်း လို့  မာန ကို မချ
ဘ၀ ပြောင်း သည်အထိ
ကြက်မ ပီသစွာ အဖိုး မေတ္တာတွေ နဲ့  နေခဲ့ပေးခဲ့တယ်
သံယောဇဉ် များစွာ ရှိသူတွေမို့ 
ချစ်တဲ့  အဖိုးနားက တစ်ဖွားမခွာနေခဲ့ကြတဲ့
ဘဲ တွေလိုမသိ မမဲ့တဲ့ 
ဒီမောင်နှမ သုံးယောက်ပါ
မြင့် မြတ်တဲ့  စိတ့်ဓာတ် သံယောဇဉ် အပြည့်နဲ့ 
နွေးထွေး ခြင်းတွေပေးခဲ့တဲ့ 
ငါ့ တို့  အဖိုး
မွန် တို့ ရဲ့  အမှတ်တရ မွန်အမျိုးသား နေ့မှာ
ဘယ်လိုမှ မမေ့ကောင်းတဲ့  ချစ်တဲ့ အဖိုး ကိုသတိရလျှက်
မကြာမည် ကျရောက်မယ့် ချစ်တဲ့ အဖိုးရဲ့ 
" ၉ "နှစ့်ပြည့် ဝေးကွာခြင်း အမှတ်တရ
သတိရ လွမ်းဆွတ် ကဗျာလေးပေါ့
ညအက္ခရာ..............
http://warwarlovely.blogspot.com/
1 comments:
အဘိုးအတွက် ခံစားချက်ကဗျာလေးအရမ်းကိုကောင်းတယ် ။
Post a Comment