မြင်ရင် ငေးလိုက်.......
မမြင်ရင် တွေးလိုက် နဲ့ 
တစ်ကယ် ပါဟယ်...........
ရင်လေး လိုက်တာ
အချစ်ဆိုတာ
ခုန်ပေါက်ပြီး ဒီရင်ဘတ်ထဲ
ရောက်ချ လာတဲ့ အဲ့ တစ်နေ့ ကပေါ့
ကဝေ တစ်ကောင် လိုပဲ
ကျိန်စာ မတိုက်ပဲ
ငါ ရင်တွေခုန်ခဲ့မိတယ်
သက်ဆိုင်သူ သိနေမလား
မပတ်သက်သေးတဲ့
သူ့  ရင်ခုန်သံကိုမှ
ငါ ပိုင်ဆိုင် ချင်ခဲ့မိတာ
ငေးမောပြီး ခိုး အကြည့်
နင် သိသွားမှာလဲ
တွေးကြောက်နေမိတယ်
ဘာပဲ ဖြစ်ဖြစ် ခိုးချစ် မယ်ကွယ်............
ညအက္ခရာ,,,,,,,,,,,,,,,,,,,,,,,,,
0 comments:
Post a Comment