စိုစွတ့်စွတ့်  မိုးငွေအောက်မှာ
ဖား ကလေးတွေ အော်မြည်သံက
တအွတ့် ...အွတ့်  နဲ့ 
ဘာကိုလွမ်းရမှန်း မသိ
ဘယ်ဌာနေ ဘယ်စခန်း
တမ်းတရကောင်းမှန်မသိ
ငါ့ ဘ၀နှယ့် ကွယ်
စိတ်အကြွေးတွေ က
ထူထပ်လေစွ
ငို ရက်ခက်လို့  တဲ့ 
သက်ပြင်းတွေ လဲ
ခဏ ခဏ နဲ့ 
ခိုးချနေရတာ
အဖြေရှာ မရတဲ့
သခ်ာၤပုဒ္စာ လုိပဲ
ဟုိး.........အေရွ ့နားမွာ
သစ်ရွက်တွေ
လေအဝှေ့ မှာ
ချော်လဲ လို့ တဲ့လေ
ဖေးမ သူမရှိ
ကူရာမယ့် ဘ၀ နဲ့ 
သူတို့ တွေ ဘယ်နား များ
နာနေမလဲကွယ်
တကျွတ့်ကျွတ့်  နဲ့ 
ခြေမွ နင်းသံ နဲ့  အတူ
ရွက်ဝါကြွေ တွေ
ငိုနေကြပြီး
ခြေသံပြင်းပြင်း နဲ့ 
လူ တစ်ယောက်ရဲ့ 
ခပ်ကြမ်းကြမ်း အနင်းခံရလို့ တဲ့ လေ
ညအက္ခရာ(((((((((((((((
0 comments:
Post a Comment