အမိ မရှိခဲ့ တာလား
အဖမဲ့ ခဲ့လို့ လား သမီးရယ်.....
အဆိုးဝါးဆုံး လောကဓံ ထဲ
သမီး ဘယ်အရွယ် ထဲက
ဒုက္ခ ကို ရင်ဆိုင် ခဲ့တာလဲ
ချမ်းအေးလှ တဲ့  ဆောင်းည ဒဏ်ကိုရော အံတုဖို့ 
သမီး မှာ ခြုံစရာ စောင် နဲ့  အကျီအထူထဲ
ပေးကမ်း ကြမယ့်သူ ရှိပါရဲ့ လား သမီးငယ်
မြင်ကွင်းမလှ တဲ့  သမီးနောက်က
မီးတောက်မီးလျှံ တွေ က
သမီး ဘ၀ လောင်မြိုက်နေတာကို များ ပြနေသလား သမီးငယ်
နေစရာ အိမ် လေးနဲ့ 
မိုးစိုရင် ခိုလှုံရာ အိမ်လေးရော
သမီးအတွက် ဘယ်သူမှ တာဝန်ယူခဲ့ ကြသလဲ
ဆုတောင်း မှား လို့  ဒီဘ၀ ဒီမျှနဲ့  ပဲ
ရပ် ပါစေ သမီးငယ်
သမီး တို့  အနာဂတ်လေး.......တောက်ပဖို့ အရေး
တွေးရင် ရင်မောမိတယ်
ထမင်းစားနေတဲ့အခိုက်
ဒီ သမီးတွေ မြင်လိုက်ရတဲ့  ခဏ
ရင်ထဲ ဆို့ တက်လာတဲ့ 
ဝမ်းနည်းစိတ် နဲ့  အတူ
ငိုမိတဲ့  မျက်ရည်စက်တွေက
တားစည်းမရခဲ့ဘူး
စာနာ ဖေးကူ ကြတဲ့ 
လူ အများ နဲ့  ကြုံကြိုက်လာဖို့ 
ဆုတောင်းပေးရင် မိဘမဲ့  ကလေးများ ထာဝရ ဘေးရန်ကင်းလို့ 
ကူညီစောင့်မ သူ များ ရှိကြပါစေ.......။
ဆင်းရဲ ချမ်းသာ ကလေးမြင်တိုင်း ချစ်တတ် တဲ့  ကျမကဲ့သို့ 
သူငယ်ချင်းများ.......မိဘမရှိ ခိုကိုးရာမဲ့  လမ်းဘေးကလေး တွေက
စာနာစိတ်နဲ့  တတ်နိုင်သလောက် အလှုဒါန လေးများ နဲ့  ကိုယ်မလို ချင်လို
့ ဟောင်းနွှမ်း အ၀တ်စား များ ကို စွန့် ပစ်မယ့်အစား ချမ်းအေးလှတဲ့ 
ဆောင်းဒဏ်ကို အံတုဖို့  သူတို့ လေး တွေကို ပေးကမ်းရင်
ကူညီပေးကြပါနော်.........
ကလေးများကို ချစ်တဲ့ ..................ညအက္ခရာ
skip to main |
skip to sidebar
Monday, 9 December 2013
no
အဝေးရောက်ချစ်သူ
အခုအချိန်မှာအလွမ်းတွေကို
ခါးသီးစွာထွေးဖက်ရင်း
မင်းကိုထာဝရချစ်နေမဲ့
အဝေးရောက်ချစ်သူပါကလေးရယ်....
Labels
- ကဗျာ (211)
- ဆုတောင်း ကဗျာ (1)
- ရသ (3)
- အတွေး နဲ့  ရူးမိတဲ့  စာစု (1)
- အတွေးစု (3)
- အမေ အတွက် (1)
Followers
About Me
Powered by Blogger.
Popular Posts
-
နေ့ စွဲ မတပ်ဖြစ် တဲ့  ကြေကွဲသံတွေ.. ဒရွတ်တိုက်ဆွဲချ သွားတဲ့  နေ့  တွေထဲ နာကျည်း ခြင်းရဲ့  ပွတ်တိုက်သံက ငါ့ စိတ် ထဲ ခါးသက်လွန...
-
လူ တစ်ယောက် တန်ဖိုးဆိုတာ ကိုယ် ဖန်တီး တဲ့  အမူ အကျင့်ပေါ် မူတည်တယ် စကား ဆိုတာ ပါးစပ်ဟ လိုက်တိုင်း အသံထွက်တယ် ဆိုပေမယ့် လိုရ...
-
၆၆ မြှောက် မွန် အမျိုသားနေ့  ကို ဂုဏ်ပြု ကြိုဆိုလျှက် တွေ့ သမျှ မွန်ရိုးရာ ၀တ်စုံနဲ့  ပ...
-
အုပ်ချုပ်သူ မဲ့  စစ်ဆင်ရေး....... နှလုံးသား တမန်တော် တွေ အကြား ဗျူဟာမခင်းပဲ သိမ်းပိုက် ပစ်လိုက်တဲ့  ဒီ အချစ် အချစ်က ပျားရည် မဟုတ်...
-
"ပိုးဖလံ " မျိုး မီး ကိုတိုးတဲ့ ဟုတ်တယ်နော် အဲ့ဒီ စာ သား မမှားဘူး ........ ပြည်ပ ကို အရွယ်မရောက် တရောက် သားသမီး တွေကို ယ...
0 comments:
Post a Comment