ကျေးဇူ့  ပြုပြီး
ငါ ရှိမယ့် နေရာတွေ နင် မလာပါနဲ့ 
နင် ရှိတတ် မယ့် နေရာကိုလဲ
ငါ ရှောင်နေတတ်လို့ ပါ
ကြောက်လို့  မဟုတ်သလို ရင်မဆိုင်ရဲ လို့ လဲ မဟုတ်ခဲ့ဘူး
နင် ဆိုတဲ့  အသံကြားမိရင် ငါ့ အသဲတွေ နာလွန်းလို့ ပါ
အတောင်ပံ တစ်ဖက်ကျိုး ငှက်တစ်ကောင်ရဲ့ 
ခံစားချက် ကို နင် နားလည်မလား
လေးမြှားကိုင်တဲ့ မုဆိုးမြင် သလို
ဓန ရှင် ဆန်တဲ့ သူကိုတွေ့  မိတိုင်း....
ငါ့ ကမ္ဘာ ပြိုမတတ် ၀မ်းနည်းသူပါ
တိုက်ဆိုင်မှု့  မရှိလို့  လမ်းခွဲတာကို မာယာများတယ် ဆိုခဲ့ရင်
မာယာနဲ့  ဆော့ကစားခံရ သူက ငါ ကိုယ်တိုင်ပါ
နင် ခံစားရတဲ့ နာကျင်မှု့ က
ကလေး အိပ့်ယာဝင် ပုံပြင် သာသာလေးပါ...
မျက်ကွယ်ပြုခဲ့တာ ကြာခဲ့ပြီးမို့ 
အမုန်းတွေနဲ့  ပြည့်နှက်နေတဲ့ 
ဒီ အချစ်နွံ မှာ ငါ မရှိခဲ့တာ နင် ထားခဲ့တဲ့ အချိန်
လွန်ခဲ့တဲ့  အကြေကွဲဆုံး နေ့ လေးတနေ့ ............
ညအက္ခရာ.........

1 comments:
နင် ဆိုတဲ့  အသံကြားမိရင် ငါ့ အသဲတွေ နာလွန်းလို့ ပါ....
မောင်လေးဖြိုးကို ရည်ရွယ်ပြီး ရေးထားတယ်လို့တောင် ထင်ရတယ် မမရေ..။
Post a Comment