မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Friday 11 October 2013

အငိုက်မိ တဲ့  လျှက့် တစ်ပျက်မှာ ချစ်တတ်ခဲ့ပြီး ^^^^^^^^^^^^^^^^^^^^^^^^^^^^^^



" သတိ "
အချစ်က ဖမ်းစား တတ်သည် ဆိုတဲ့ 
နှလုံးသား မြို့  အ၀င်ဝ က
မှာတမ်းစာ မဖတ်မိလို့  လား မသိဘူး
အချစ်က ကျမ ထံ သူငယ်ချင်း ကောင်း အယောင်ဆောင်ပြီး
ဘယ်ဖက်ရင်အုံ တစ်ခြမ်း ကို လှည့်စား သွားတယ်
မျက်ရည်ကိုလည်း ကျစေခဲ့သလို
ရှိုက်သံ လှိုက်ဖြာ ရင်အစုံကို လည်း နာ စေခဲ့တယ်။

ကြာရှည်စွာ နာကျင် ခဲ့ပေမယ့်
ရင်ခွင် ထဲ ဒဏ်ရာဆိုတာ ရှာဖွေ မရခဲ့ဘူး
ကဝေ တစ်ကောင်ပမာ
ပြု့  စား တတ်သူပဲလား .
ဟအင်း........... ကွယ်
မထင်ရက် တဲ့  စိတ် ရယ်ကြောင့်
အချစ်ကိုမှ ဖက်တွယ်မိခဲ့တာ
အပြစ်ရယ်လို့  မမြင်ခဲ့မိသူ ပါ.။

အချစ်က တခါ တလေ
အချိုးကျွေး လိုက်
အခါး ပေး လိုက်နဲ့ 
သိပ်ချစ် တတ် တဲ့  ကျမ ကို ပျက် ရယ် လည်း ပြုမူသေးတယ်။
အချစ် ရဲ့  ဆန့် ကျင်ဖက်
အမုန်း ရပ်ရွာ သို့ .........
ခွဲမထွက်နိုင်တဲ့  ကျမ အတွက်
ဝင်္ဏဘာ ဆန်တဲ့ 
အချစ်နွံ မှ.............ရုန်း မထွက် မိသူပါ။။။


ညအက္ခရာ..................

0 comments:

Post a Comment