မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Wednesday 2 October 2013

<<< အူကြောင်ကြောင် နဲ့  ငါ့ အလွမ်း ထင်ပါရဲ့ >>> ''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''


နှလုံးခုန်သံ တဒိတ်ဒိတ် နဲ့ 
ချစ်သူ ကို လွမ်းရမယ့် ရက် ကို တွေးပူ မိရင်
သွေး ဆူမိခဲ့တာ ဒီရင်ဘတ်ကြီးပေါ့
ကျိတ်ကာ ငို ခဲ့
လွမ်းရတာ ကို မလိုချင်ခဲ့ဘူး

သံယောဇဉ် နဲ့  အမြစ် တွယ်မိတဲ့ 
ချိုချွဲချွဲ အချစ်က နေပူပူ မှာ
မိုးရွာချသလိုပဲ
အကြင်နာ ပိုပို ထားမိမှ
ကြင်နာသူ ကို ခဏ လွမ်းရတော့ မယ်


တစ်ကယ် လွမ်းရတာ
အရသာ စပ် မရတဲ့  ကော်ဖီခါး တစ်ခွက် လိုပါပဲ
နေ့ စဉ် နဲ့  အမျှ မထိ တစ်ထိ နဲ့ 
အကြည့် ချင်း ဆုံတဲ့  ရက်တွေ ကိုလည်း
လွမ်းရ မလို့ တဲ့ 


တစ်ကယ် လွမ်းရတဲ့  နေကို
ပြက္ကဒိန် မတပ်ကြည့်တော့ဘူး
ရက်စွဲ ထပ်တဲ့  နေ့ ကို မြင်ရင်
အချိန်မှန် လည်နေတဲ့  နာရီ ကို ရန်သူ လုပ် မိမယ်
အပို မဟုတ်ဘူး
သဘာဝ နဲ့  ရွေ့ နေ့ တဲ့ 
စက္ကန့် တံ ကို အမြန်ဆုံး
ရွေ့ ပစ်ချင် မိတာ ချစ်သူကို သိပ်ချစ်မိလို့ ပါ


ညအက္ခရာ.................

0 comments:

Post a Comment