ချစ်သူ နင့်  ကိုချစ်နေရာတာ
ပြဿဒါး ခံထားတဲ့ ရက်တွေလိုပဲ
အလွမ်းတွေက ၀န်းရံနေတာ
ရက် ရာဇာကို တံတားထိုး ပြီး
နင်ရှိမယ့်နေရာကို ငါ လျှောက်လှမ်းလာချင်ရဲ့ 
လကွယ်ခဲ့ ပေမယ့် ကြယ်စင် တွေလိုပဲ
နင်ရှိမယ့် နေရာလေးမှာ ငါ အစွမ်းရှိသလောက်
လင်းလက်ချင်ရဲ့  ချစ်သူ
အဖော်တွေ နဲ့  ပေါင်းပြီး ခဏ ပျော်ခဲ့တာ
ငါ စိတ့် က နင်ရှိတဲ့နေရာမှာ ကျန်ခဲ့တယ်
ဒီအချိန်ဆို ငါလွမ်းသလို နင်လဲ လွမ်းနေမလား
အချစ်ဆိုတာ ဟာသလို့  ထင်ခဲ့တဲ့  ငါ.........
ခံစားတတ်မှ လွမ်းဖျား ဖျားတတ်ခဲ့တယ်
ချစ်ဖျားတက်ခဲ့တယ် မနေ့ က ဒီဂရီ.. " ၁၀၈"
ဆေးမမှီ တဲ့ ရောဂါမို့ 
ခု ....ငါ ဆရာမနိုင် လက်မှိုင်ချ
ချစ်နာကျ လူမမာပေါ့
အပိုမပါ အမှန်သာပြောရရင် နင်ရှိမယ့်
နင့် ဘေးနား နေပါရစေ
အဆုံးအစ မရှိတဲ့ သံလွင်ရေ လိုပဲ
နင့်  ကိုချစ်တာ ပြောပြမတတ်တဲ့ သူဆွံ့ အ တစ်ယောက်ပေါ့ ချစ်သူ...............
1 comments:
မမကတော့ဗျာ တကယ်ပါပဲ တတ်နိုင်လိုက်တာ
Post a Comment