မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Thursday 29 November 2012

(ကျမ အတွေးထဲ)


သံယောဇဉ်  လက်ကျန်နဲ့ 

ရှင်က  ကျမ ကိုချစ်နေဆဲ သတဲ့

ဟာသ ကျကျ  စကားလုံးနဲ့  

ကျမ  နှလုံးသား  လာမ ကစားနဲ့ 

ဝေါဟာရ  မပြည့်တဲ့   စာသားတွေလို

 ကျမ  ကို   ထပ်ပြီးလာမရိနဲ့   ရှင် ...မသိတဲ့

အချစ်ဆိုတာ ကစား  စရာမဟုတ်ဘူး

အသဲ  မရှိ သံယောဇဉ်မသိတဲ့  သူက  အချစ်ကိုခံစားမှု ရှိနေမလား

အပေါ်ယံ  စကားလုံးတွေနဲ့   အာရုံလာမနောက်နဲ့ 

ရှင်  တွေ့ လေသမျှ  ရွက်ကျ  ပင်ပေါက်

လေ တိုက်တိုင်း  ကြွေကျတတ်တဲ့   အညှာလွယ်  သစ်ရွက့် မဟုတ်သလို

ပန်းထဲက  ခရေ  ကြွေခါကျ မြေခ နွမ်းလဲ

မွေးပျံ့နေမယ့် ပန်းဘဝ

တန်ဖိုးမရှိပေမယ့်  ဘ၀ကို ဘာနဲ့ မှမလဲခဲ့

နေရာလေး တစ်ခုရဖို့   လှမ်းနေတဲ့  ခြေလှမ်း

ရှင့်  ကြောင့်   ယိုင်လဲအောင်

စကားလုံးတွေနဲ့  လာ မခနဲ့   ပါနဲ့ 

နောက်ပြန်လှည့် မကြည့်တတ်တဲ့  သူမို့ 

လွန်လေပြီးတဲ့ အတိတ့် ကို

ပြန်မလွမ်းတတ်ဘူး ရှင် ဆိုတဲ့သူလဲ

ကျမ  အသိမှာ   မရှိစေရဘူး  မေ့သီး  မစားပဲ

ရှင်  ဆိုတဲ့သူကို  မေ့ထားခဲ့တာ  ကြာလှပေါ့................

0 comments:

Post a Comment