မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Tuesday 17 September 2013

(ရင်မှ........ချစ်သူ.)


ရီဝေေ၀  နဲ့   ချစ်သူ အပြုံး
ဘယ်လောက်ကြာအောင်
ကျမ  စောင့်မျှော်   ငေး.......ခွင့်   ရအုံးမလဲ
အကြာကြီး  လွမ်းရအုံးမှာလား

မခွဲနိုင်ဘူး လို့   ပြောမထွက်ပေမယ့်
ညအိပ်ယာဝင်တိုင်း
အိပ်ယာဘေး က  အိမ်မက်လေး
ခဏတာ ဝေးရအုံးမယ်

မနက်  အိပ်ယာနိုး
ကျမ  ခိုးခိုးကြည့်တဲ့ 
မာနကင်းတဲ့   ချစ်သူ ရုပ်သွင်
ကျမ ဘယ်နေ့ မှ   ပြန် မြင်ခွင့်ရမလဲ
အကောင်းဆုံး  ယှဉ်တူ နေနိုင်ဖို့ 
အဆိုးဝါးဆုံး  အလွမ်းတွေ
ကျမ  ထွေးပိုက်ရအုံးမှာပေါ့..............

တယ်လီဖုန်း  အလင်းရောင် မြင်တိုင်
မြင်နေရတဲ့   ချစ်သူ ရုပ်သွင်
ကွန်ပျူတာ  လေး လှစ့်ဟ အဖွင့် 
အပြုံး   နဲ့   ကျမ ကို  လှမ်းကြည့်နေတဲ့ ချစ်သူ
နေရာတိုင်း ချစ်သူ ပုံ အပြည့်မို့ 
ဝေးကွာနေတဲ့   အခိုက်
ကျမ  ကြေနပ်စွာ လွမ်း ကြည့်နေမယ် ချစ်သူ...................



0 comments:

Post a Comment