မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Wednesday 25 September 2013

မချစ်ရဲ တော့ပါ



ယုံကြည်မှု့  နဲ့   ကိုးကွယ်ခဲ့မိ တဲ့   အချစ်က
အလွဲလွဲ အချော်ချော်   နဲ့ 
သ၀န်တို  ခြင်း  ကို
ယုံကြည်ခြင်း   ကင်းမဲ့ တဲ့  သံဒယ ရောပြီး
စွဲချက် အမျိုးမျိုး တင်
ရာဇ၀တ်သား ကို  ကားစင်ပေါ်  ကြိုးတုတ်
တောင်စွယ်နေမကွယ်ခင် သတ်ကုန်း အပို့ ခံရသလိုပါပဲ
ဟို တစ်နေ့ က  ပေါ့
ငါ့   နှလုံးသား  ကို
အချစ်သတ်ကွင်း အပို့ ခံရဖူးတယ်

ရိုးရာ မကိုးကွယ် တဲ့  နှလုံးသား  ကိုမှ
ခိုကိုးရာမဲ့  ဖြစ်အောင် နင် လုပ်ပြစ်ရက်တာ
ရက်စက်တယ်လို့   ငါ  မဆိုလို   တော့ပါဘူး
ကြိုးစားပြီး မေ့ပစ်  ဖို့ ထက်
လတ်လတ်ဆတ်ဆတ်  နာ  နေတဲ့ 
ဒီ  အသဲ...ဆက်  ချစ်  ချင်သေးလား
တစိပ်စိပ် နဲ့   ငါ  ငုပ်  မေး   နေသေးတယ်
စွဲလမ်းမိတဲ့   နင့် အပြုံး
ယူကြုံး  မရ  ဖြစ်တော့မှ
အဆိပ့်  သင့်  ခဲ့ပြီး   ငါ   သိခဲ့ရတာ
နောင်တ  နဲ့   ငါ့ ဘ၀  နောက်ကျခဲ့ပြီး



ညအက္ခရာ
(ဘာရယ်မဟုတ်  သူငယ်ချင်းတွေ  အသဲကွဲ   ဝေဒနာ   ကို  ခဏဌားကြည့်တာ)

0 comments:

Post a Comment