မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Sunday 22 September 2013

ပျော်ရွှင်ခြင်း တွေ ယူဆောင်ပေးတဲ့  ချစ်သူ့  အရိပ် ဖြစ်ချင်သူ <<<<<<<<<<<<<>>>>>>>>>>>>





ချစ်စိတ် တစ်ခု နဲ့  ချစ်ခဲ့တာ မဟုတ်

ဘ၀ နှစ်ခု အတူ ပေါင်းစပ်ဖို့ 

ရင်နီးခဲ့တာ နှလုံးသား

အဆိုးအကောင်း အကျိုးကြောင်း ကြားမှာ

ဆုံလာမယ့် ဒုက္ခ နဲ့  သုခ ကို

အတူမျှဝေ ခံစားကြမယ်

ကြည်နူးစရာ တွေ ကျမ ယူဆောင်ပေးလို့ 

အပြုံးတွေ ဝေဆာနေတာပဲ မြင်ချင်တယ်


အမိအဖ ကြည်ဖြူ

ရည်စူးထား သမျှ ဖြစ်လာဖို့ 

ချစ်သူ နဲ့  ကျမ

ကြုံလာသမျှ

ဘာကိုမှ စိတ်မပျက် စတမ်းပေါ့

အားတင်ထား မနက်ဖြန် က

အလှမ်းမဝေး တော့ဘူး

ဘယ်အရာ က ဘယ်လို

ချစ်သူ နား လည်းဖို့ ပဲလိုတယ်


မြင်ယောင်စမ်း ချစ်သူ

မနေ့ က " မေ နဲ့  ဖေ "

ချစ်သူ နဲ့  ကျမ တို့ အတွက်

မျှော်လင့်ချက်တွေ နဲ့  စောင့်ကြိုနေ တဲ့ အသံ

ကြည်နူးမှု့ တွေ နဲ့  ကျမ တို့  အိမ်အပြန်ကို မျှော်လင့်နေတာ

လောက ကပေးတဲ့  ကျမ အလိုချင်ဆုံး နွေးထွေးတဲ့  မိသားစု ပေါ့


ကံကောင်းခြင်းတွေ မဝေးတော့ဘူး

မုန်းတိုင်းထန် ပြီးရင် လေပြေ လာမှာပါ

အားမငယ် နဲ့  စိတ်မပျက်နဲ့ 

အဆိုးကြုံ တဲ့  အချိန်လည်း ချစ်သူ ဘေးနား ကျမ ရှိမယ်

ဝမ်းနည်း ခြင်းတွေ ပေါ် လာတိုင်း

ညီတူ ထပ်မျှ အတူတူ မျှဝေ ခံစားကြမယ်........

နေ့ သစ် တွေ နဲ့  အတူ

ချစ်သူ ဘေးနား ထာဝရ ကျမ ရှိနေမှာပါ



<<<<<<<<<<<<<<<<< { ကျမရေး သမျှ အချိုးမကျတဲ့  စာသားတွေ လက်ခံပြီး ဖတ်ပေးကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေဇူ့ တင်ပါတယ်.........စာရေးသားခြင်း ညံ့ဖျင်းခဲ့ရင်လည်း တောင်းပန်ပါတယ်.............စိတ်ထဲပေါ်သမျှ ခံစားချက်လေးကို ချရေး ကဗျာ တစ်ပုဒ့် မဖြစ်တဲ့ စာသား တွေ မို့  ရေးချထားသမျှ စာများ ဖတ်ပေးကြတဲ့ အတွက် အရမ်းကို ကျေးဇူတင်ပါ တယ်ရှင်............. }>>>>>>>>>>>>>>


အားလုံးကို ခင်မင်လျှက်.............ညအက္ခရာ

0 comments:

Post a Comment