မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Tuesday 29 January 2013

ချစ်ဖျား"108"




အဲ့ဒီ နေ့ က  အစ

ငါ့   ဘ၀  ပျော်ရွှင်အောင်

သူ အမှတ် တမဲ့  နဲ့  ရောက်ခဲ့ပေါ့

ပျှော်ရွှင် ခြင်း အချို့ နဲ့ 

သူပေးခဲ့တဲ့   လက်ဆောင်က

ချစ်ခြင်းမေတ္တာ ပေါ့

ဘာအရောင်မှ မဆိုးပဲ   ချစ်ခဲ့မိတာ

သံယောဇဉ် တွေက  တစ်ကယ်ကို

ငါ့ အတွက်  အဖိုးထိုက်တန် တယ်

လိုရာဆု  ကို တောင်းပါလို့   ဖန်ဆင်းရှင်က  အမိန့် ဆိုခဲ့ရင်

ချစ်သူ  ကိုကို  သာ ငါ့  အနား ရှိနေစေချင်တာ

အေးချမ်း ခြင်းတွေ နဲ့   သောက မပါ ပဲ

အမြဲ ပြုံးပြတတ်တဲ့   ချစ်သူ........

ငါ   တို့ နှစ်ယောက်ကြား ဘယ်သူ ၀င်ဖျက် နိုင်မလဲ

ဖျားနာ နေတဲ့   ငါ့    ကို  နယ်ဝေး မြေက

နွေးထွေး  ခြင်းတွေ  အပြည့်ပေး

ကလေးတယောက်လို  ချော့မြူ

ဒီအချိန်  ချစ်သူရင်ထဲ တိုးပြီး ကလေး ဆိုးတစ်ယောက်လို

နွဲ့ ဆိုး   ဆိုးချင်ပေမယ့်

ချစ်သူ  ကိုကို  နဲ့   ငါ

တစ်ကယ့် ကို နယ်မြေခြား တိုင်းတပါးပြည်မှာပေါ့

စိတ်ကူးနဲ့ ပဲ  ချစ်သူရင်ခွင် ကို

ဒီနေ့  ခဏ  ဌားပြီး

ချစ်ဖျား နဲ့    အလွမ်း နာ " 108" တက်နေတာ

ပျောက်ကင်းစေဖို့ 
စောင်လိုခြုံ ခဏ  အိပ်စက် စမ်းချင်ရဲ့ ............................

0 comments:

Post a Comment