မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Thursday 28 February 2013

အူတို တတ်တဲ့ ချစ်သူ.............


နွေဦး မနက်ခင်း  မှာ
ချစ်သူ နဲ့   အငြင်းအခုန် ဖြစ်ခဲ့တယ်
ဘာရယ်  ညာရယ် မဟုတ်ပဲ
သူစိတ်ဆိုး အောင်  ခဏ  ခဏ
စနောက်မိခဲ့တယ်

စူပုတ်ပုတ်  မျက်နှာ နဲ့ 
သူ  ဒေါသ  ထွက်နေတာကို 
မသိမသာလေး  ပြုံးအကြည့်
လူမိမှာ ဆိုးလှတဲ့  ကျမ  အဖြစ့်........


ကဂျီ ကဂျောင်  ကျတတ်တာ
နှစ်ယောက်မရှိတဲ့  ချစ်သူ
"ကလေး "လို့ သာ  သူက  ကျမ ကိုခေါ်တာ
သူ  စိတ်ကောက့်တိုင်း  ပြန်ချော့ခဲ့ရတာ ကျမ ပါ..........


ဒီ..လုနဲ့ ပဲ  ချစ်သူ အကြိုက်
အလိုက်သိစွာနဲ့ .........ကျမ
သူ   ...........ဆိုတဲ့   ချစ်သူ
 စိတ်ဆိုး  စိတ် ကောက် တာကို  ထိုင်ကာကြည့်ရင်
တနေ့   ပြီး တနေ့   နဲ့ 
သြော်...........မနက် ဖြန်တွေက
ကျမ တို့   ချစ်သူ  နှစ့်ဦး ကြား
ကုန်မြန်လိုက်တာနော်.........

သူငယ်ချင်း  များတဲ့ ကျမ
စနောက်သန်လို့   သူစိတ်ကောက်တယ်
ဆံပင်ရှည် ကိုမှ မြတ်နိုးချင်တဲ့    ချစ်သူ
ဆံတိုလေး နဲ့   နေတတ်သူမှ
လာချစ်လေ  သလား  ဟယ်......
ဘာပဲ ဖြစ်ဖြစ်  ချစ်မယ်  သတဲ့လား


အူတို တတ် တဲ့   သူ့  အကျင့် ကို
မငြိုး မငြင်  ချစ်ခဲ့မိတော့
ဘာမဆို  အပြစ်မတင်ရက်ခဲ့ဘူး ကွယ်
မနည်း  မများ  စိတ်ကောက် ခြင်းတွေ  ကြားထဲက
ဒီလို နေ့   တွေ နဲ့ ပဲ
ကျမ  တို့   နှစ်ယောက်
ခိုင်မြဲစွာ  လက်တွဲ ဖို့    ဆုံဖြတ်ခဲ့ကြ တရ်...............

                                          ညအက္ခရာ..............


0 comments:

Post a Comment