မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Monday 25 February 2013

မာယာ တွေ ပေါတဲ့  အချစ်


မျက်ကမ်း တစ်ယောက်လိုပဲ
အချစ် ကို   စိန်ပြေးတမ်း  ကစားဖို့ 
လက်ကမ်းခေါ်နေတာလား
ဟအင်း............ကွယ်

စိတ့်ရဲ့  ဒဏ်ရာတွေ ကို မခံစားနိုင်လို့ 
မမြင်ချင်ယောင် ဆောင်နေလိုက်တာ
ငါ့  ကို   နင်  မသိ သလိုပဲ
 နေလိုက်စမ်းပါ

စိတ်ကူး ပေါက်ရာ
လွင့်မျောနေတဲ့  တိမ်တိုက် လိုပဲ
ရင်ဘတ်ထဲက  အချစ်ဆိုတာကလဲ
လေတိုက်  တိုင်း ဟိုလွင့်  ဒီလွင့် တတ်တဲ့
အမှိုက် တစ်စ ပါပဲ

အိမ်မက်တွေ  ကျကွဲသံနဲ့ 
ရင်ထဲမှာ  ဆူညံခဲ့တဲ့ ညကပေါ့
နှလုံးသာ တွေ ကြေမွ 
ရှုက်ကြီးတငင်  ငိုချလိုက်တာ
သြော်.........နောက်ဆုံးတော့ လဲ
အချစ်ဆိုတာ  ပူဆွေးခြင်း  နဲ့ 
အဆုံးသတ်မလှပ ခဲ့ပါလား နော်.........

0 comments:

Post a Comment