မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Wednesday 13 February 2013

valentine day(ချစ်သူများနေ့)


ဒီနေ့  မှာ.............
ချစ်သူက   လေလှိုင်းထဲ
အနမ်းဖွဖွ နဲ့    ကျမ  ပါးကို
စိတ်ကူးလေးနဲ့  ယုယုယယ
နမ်းသွားတယ်

ထူးဆန်းစွာ  ပဲ
ကျမ  ရင်တွေ  ခုန်လိုက်တာ
ရှက်သွေးဖျန်းတော့
ကျမ  ပါးလေးတွေ  ပန်းနုရောင်သမ်းခဲ့ပေါ့

valentine  day  တဲ့လား
ကျမ   အမြဲတမ်းချစ်နေဆဲပါ
ချစ်သူ............
မိုးပြိုမှာ ကြောက်တတ့် 
ယုန်သူငယ်  လေး လို
လမ်းခွဲ မယ်ဆိုတဲ့    စကား
ကျမ   မကြားပါရစေနဲ့ 
ချစ်သူ...............

ကျမ  အချစ်
နောင်လာမယ့်  နှစ်များတိုင်
ချစ်သူ  အနား
တဖွား မခွာ  ရှိနေမှာပါ

valentine day    မှမဟုတ်
စက္ကန့်  မိနစ့်  တိုးတိုး  ချစ်လို့ 
ချစ်သူ နဲ့  အတူ
ဘ၀ ခရီး  ဆက်ပြီး  ခရီးနှင်းနေမယ့်
ထာဝစဉ်  ကျမ ပေါ့ကွယ်...............









1 comments:

Unknown said...

အလည်ရောက်လို့ ကဗျာတွေ ဖတ်ခဲ့ပါတယ်း)

Post a Comment