မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Saturday 9 February 2013

လေထဲက အိမ်မက်




စိတ်ညစ်တယ်..

တစ်ခါတစ်လေတော့လည်း ငါစဉ်းစားမိတယ်
နင့်အချစ်ကို ရဖို့ကြိုးစားနေမိတဲ့ငါဟာ
သံလိုက်တစ်ချောင်းရဲ့
တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းကို
သပ်သပ်စီခွဲထုတ်ဖို့ ကြိုးစားသူလို ဖြစ်နေပြီလား
တကယ်တော့လည်း အချစ်ဆိုတာ ဘာမှမဟုတ်ပါလား
ယောကျာင်္း တစ်ယောက်ရဲ့ ရင်ခုန်သံကို
ခန့်မှန်းဖို့က အဲလောက်ခက်ခဲမှန်း မသိခဲ့ရပါလား။

တကယ်တော့ ငါက ချစ်နေတာမဟုတ်ဘူး စွဲလမ်းနေတာပါ။
ငါဘာကိုများ စွဲလမ်းနေမိပါလိမ့်?

ကြင်နာတတ်တဲ့ အပြုအမူတွေကိုလား?
ဒါမှမဟုတ် ချိုသာတဲ့စကားသံကိုလား?

ဟင့်အင်း! လို့ ငါငြင်းတယ်။
ငါဘာကိုမှမစွဲလမ်းချင်လို့ပါ။
ဘုရားစူး  စေရဲ့    ငါ  မေ့ချင်နေခဲ့ တယ်
တကယ်တော့ အရာအားလုံး အသစ်ကပြန်စတယ်ဆိုရင်
စိတ်ကူးနဲ့တောင် မဖြစ်နိုင်ပါဘူး။

တကယ်တော့ ငါကရူးမိုက်စွာ အတ္တကြီးချင်တာပဲ
လောကကြီးမှာ မေးခွန်းတွေ သိပ်များလွန်းတယ်။

ဘယ်သူများအောင်မှတ်ရခဲ့ကြသလဲ..?

ရှုံးမယ်မှန်းသိရဲ့နဲ့တိုက်ရတဲ့   တိုက်ပွဲ

တစ်ခါတစ်လေတော့လည်း ရင်နာစရာကောင်းတယ်ကွယ်….။
ဘ၀မှာတစ်ချို့တိုက်ပွဲတွေက ရှောင်လွှဲခွင့်မရှိဘူးလေ။
တိုက်ပွဲထဲမှာ အရှုံးကို ရွေးပြီးတိုက်ရတာတွေကိုလည်း ရင်နာနာနဲ့ ကြုံဖူးတယ်။

ကောင်လေးရေ…

ငါကတော့ နင့်ကို ချစ်မိတဲ့  စိတ်ကို

 ခေတ့်တ ခဏ

တစ်ဘ၀စာ  အတွက့်  မေ့ပြစ့်ထားမယ်ကွယ်............
                         
                              
                    ညအက္ခရာ........................

0 comments:

Post a Comment