မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Tuesday, 25 September 2012

မေတ္တာစစ့်




လျှစ့်စီးတွေလက် မိုးတွေချူန်းတဲ့
 ညတွေဆို  တိုးတိုးလေး
ငိုခဲ့တာ  ချစ်ရတဲ့ 
ဖိုးဖိုး ဘေးလေးမှာပေါ့

အဖေ နဲ့  အမေ  ကိုအနားမှာ ရှိနေခဲ့ချင်တာ
ဒီလို မိုးတွေ သဲ တဲ့ညမှာပေါ့
ခိုဝင်စရာ  ရင်ခွင်လေးက
သုံးယောက်ဆိုတဲ့
ကျွန်မ တို့ မောင်နှမ
တိုးဝင်လုအိပ့် ရတဲ့   ဖိုးဖိုး
ရင်ခွင်လေးပေါ့

အဖေ တစ်ဖုံ အမေ တစ်မျိုး
မရိုးနိုင်အောင် အချစ်တွေမျှ
သွေးမတော်  သားမစပ်
ကျွန်မ တို့  မောင်နှမ ကို
လူလားမြှောက်အောင်
ပြုစုကျွေးမွေး ဆုံးမပေးတဲ့
ဖိုးဖိုး ကျေးဇူးဆိုတာမမေ့ခဲ့တာပါ

တန်ဖိုး ဆိုတဲ့ မိန်းကလေး
ဘ၀ လေးကို
လူ တကါ အလယ် ဂုဏ်မငယ်အောင်
သွန်သင်ပေးတာ သတိရလိုက်တာ

ချော့တခါ  ခြောက်တလှည့်
အေးမြတဲ့ မေတ္တာရိပ့်လေး
ပေးခဲ့တာ  ကြည်နူးစရာလေးပါ

ဒီမနက် ရဲ့ ဒီအချိန်မှာ
သတိရလို့  ရေမိတဲ့
ကဗျာလေးက
ချစ်ရတဲ့  ဖိုးဖိုး အတွက်ပေါ့

စာရေး ရင် ကျတဲ့ မျက်ရည်တွေက
တကယ် ကိုလွမ်းလို့ ပါ
ဖိုးဖိုး  ရာ.............
ဒီကလေး သုံးယောက်
နေဖို့  ဘုံပျောက်မှာကြောက်လို့ 
ပေးခဲ့တဲ့အိမ်လေးက
ဖိုးဖိုးအငွေ့ တွေ  ရှိနေဆဲပါ

နောက်ဘ၀ ဆိုတာ  ရှိခဲ့ရင်
ချစ်ရတဲ့ ဖိုးဖိုး မြေးမလေး
ဖြစ်ချင်သေးတယ်
ဖိုးဖိုးရယ်.................

1 comments:

ချစ်စံအိမ် said...

အမတော့အဘိုးမေတ္တာကိုမခံစားရခဲ့ဘူး..

Post a Comment