မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Thursday 27 September 2012

နင် သိတဲ့ ငါ





သစ်ရွက်ကြွေ   မြေခ
ငါ့   ဘ၀မလှ     ခဲ့တာ
နင်  အသိပါ

တဇွတ့်ထိုး တဇောင့်ကန်းနဲ့ 
ငါ ဖျတ်သန်း ခဲ့တာ
အားလုံးက  ငါ့ ကို မိန်းမကြမ်းတဲ့
အသက်မပါတဲ့ ရယ်သံ အချို့  ကို
အဖော်လုပ်  ၀ှက့်ဖဲတချပ်လို
သိမ်းငယ်စိတ် ကို လူအသိမခံ 
လူးလိမ့်နေအောင်  ခံစားခဲ့တာ
ငါ ဆို တဲ့  ငါ

ရက်စက်တာခံတာများတော့
ငါ  အေးစက်လာတာ
နားလည်ပေး ကြပါ

နာကျင်နေတဲ့ အသဲကြား က နင် ဆိုတဲ့
လူ တစ်ယောက် ကို ချစ်ခဲ့ မိတာ
ယုံကြည်ပေးပါ
မာယာမသုံး ဒီနှလုံးသား က
ချစ်ခဲ့မိတာ တစ်ကယ်ပါ....။

2 comments:

စံပယ်ချို said...

မာယာမသုံးတဲ့နှလုံးသားနဲ့ ချစ်ရသူကို
ထာဝရချစ်နိုင်ပါစေလို့

မြတ်နိုးသူ said...

သစ်ရွက်ကြွေ မြေခ
ငါ့ ဘ၀မလှ ခဲ့တာ
နင် အသိပါ
ကဗျာလေးအရမ်းကောင်းတယ်အားပေးသွားပါတယ်

Post a Comment